ညနေ နေစောင်းသွားချိန်မှာတော့ နှစ်ယောက်သား ကမ်းခြေဘက်ကို ထွက်လာခဲ့သည်။
ကျန်းချန် - ကိုကို
ရှီးချန် - ဗျာ
ကျန်းချန် - ပင်လယ်ကြီးရဲ့ အဆုံးမှာ ဘာရှိလဲ။
ရှီးချန် - မိုးကောင်းကင် ရဲ့ ပင်လယ်ပြင်ကြီးတွေက အဆုံးမရှိဘူး ကလေးရဲ့။
ကျန်းချန် - ဒါကြောင့် ဇာတ်ကားတွေထဲမှာ အဆုံးမရှိသော ပင်လယ်ကြီးလောက်၊ မိုးကောင်ကင်ကြီးလောက် ချစ်တယ် ဆိုတာ ပါတာပေါ့နော်
ရှီးချန် - ဒါပေါ့။ ကိုကို ကလည်း အားချန် ကို အဆုံးမရှိသော ချစ်ခြင်းတွေနဲ့ ချစ်တယ်။
ကျန်းချန် - ကျွန်တော် လည်း ချစ်တယ်။ ရေဆော့ရအောင်
နှစ်ယောက်သား သဲသောင်ပြင်မှာ လမ်းလျှောက်ပြီးမှ ရေထဲကို ဆင်းလာကြသည်။ တစ်ယောက်နဲ့ တစ်ယောက် ရေတွေ နဲ့ ပက်ကြ စကြ၊ နောက်ကြနဲ့၊ အကွယ်နေရာကနေ သူတို့ကို ဓာတ်ပုံရိုက်ပေးနေတဲ့ လူကတော့
- ချီး ငါ့ဘ၀က လည်း အခုထိ ခိုးကြောင်ခိုးဝှက်နဲ့ ဓာတ်ပုံ ရိုက်နေရတုန်း။ ပေါ်တင် ရိုက်ခိုင်းတော့ ဘာဖြစ်မှာ စိုးလို့တုန်း။
ဓာတ်ပုံရိုက်ပေးနေသူဟာ အရင်က လန်ရှီးချန် နောက်ကို တကောက်ကောက်လိုက်ပြီး လန်ရှီးချန် ရဲ့ တနေ့တာကို မှတ်တမ်းတင်တဲ့ အလုပ်လုပ်ရသော ****သတင်းငှာနက သတင်းထောက်။
မဟုတ်မမှန်သတင်းကို ထုတ်လွှတ်မှုကြောင့် လန်ရှီးချန် ရဲ့ တရားစွဲဆိုမှုကို ခံယူရပြီး ၄နှစ်လောက် ထောင်ထဲ ရောက်သွားဖူးသည်။ လွတ်လာတော့ အဲ့ဘ၀ကို စွန့်လွှတ်ပြီး တခြားအလုပ်လေး လုပ်နေခဲ့တာ။ လွန်ခဲ့တဲ့ ၂ရက်ကထိ အေးဆေးနေသော ဘ၀လေးဟာ လန်ရှီးချန် နဲ့ ပြန်တွေ့တော့ သူခိုင်းလို့ ခိုးကြောင်ခိုးဝှက် ပြန်လုပ်ရသော ဓာတ်ပုံဆရာ ဖြစ်သွားရပြန်ပြီ
ဝေ့ - လန်ကျန့် ! အားချန် မရိပ်မိဘူးမလား။
လန်ကျန့် - မရိပ်မိသေးဘူး။
ဝေ့ - ငါတော့ မဟားတရား ရင်ခုန်တယ်။ အားချန် အစား
လန်ကျန့် - ဒီတစ်ခါတော့ သူတို့ နှစ်ယောက်အတွက် ကိုယ် တကယ်ပျော်တယ်။ တစ်ခါဝေးပြီးပြီ ဆိုတော့ နောက်တစ်ခါတော့ မဝေးတော့ဘူး နေမှာ
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
FanfictionStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...