❄️26❄️ [ U ]

245 41 2
                                    

သတင်းစာ ရှင်းလင်းပွဲကို လန်ဟွားသင်တန်းကျောင်းမှာပဲ လုပ်ဖြစ်သည်။ စိတ်ချ ယုံကြည်ရသော သတင်းမီဒီယာ ၃၊ ၄ ခုကိုသာ ဖိတ်ကြားခဲ့တာမို့ အဆင်ပြေသည်။

- ရှီးချန်ကော အချိန်ကျပြီ။ သတင်းထောက်တွေလည်း စုံနေပြီ

ရှီးချန် - အင်း ကိုယ် တို့သွားကြရအောင်။

အရင်လို Suit နဲ့ မဟုတ်တော့ပဲ အပြာစင်းလေးတွေ ပါသော ရှပ်အဖြူကိုမှ အောက်က စတိုင်လ်ပန် အနက်နဲ့ တွဲ၀တ်ထားသည်။

ရှပ်အင်္ကျီကို လက်တံတောင်ဆစ် ထိ ခေါက်ထားတာမို့ ဖြူ၀င်းသော လက်မှာ အကြောတွေက အပြိုင်းပြိုင်းထလို့၊ သွေးကြောစိမ်းလေးတွေကလည်း လှပစွာ နေရာယူထားလေသည်။

ခန်းမထဲ ရှီးချန် ၀င်လာတာနဲ့  သတင်းထောက်တွေ အကုန်လုံးက မတ်တပ်ရပ်ကာ ကြိုဆိုကြသည်။ ဓာတ်ပုံရိုက်သူကလည်း ရိုက်နဲ့

ကင်မရာမီးရောင်တွေအောက်မှ ထွက်လာခဲ့တာ ၈နှစ်ကျော်ခဲ့တာမို့ အခုချိန်မှာတော့ ကင်မရာမီးရောင်တွေကို မျက်စိစူးမိသည်။

ပြင်ဆင်ထားသော ခုံမှာ ၀င်ထိုင်လိုက်တာနဲ့ သတင်းထောက်တွေကလည်း သူတို့ထိုင်ခုံမှာ သူတို့ ၀င်ထိုင်ကြသည်။

- မေးလိုရာ မေးနိုင်ပါတယ်။

ရှီးချန် ရဲ့ အတွင်းရေးမှူး ပြောလိုက်တော့ သတင်းထောက်တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင် မေးကြတော့သည်။

- ညီမ သိချင်တဲ့ မေးခွန်းကတော့ အစ်ကိုရှီးချန် နဲ့ ကျန်း၀မ်ရင် က သူများတွေ ပြောနေကြတဲ့ အတိုင်း တကယ်ပဲ ပြန်တွဲနေကြတာလား။

ရှီးချန် - ကျွန်တော် တို့ မတွဲကြပါဘူး။ လုပ်ငန်း သဘောအရ နဲ့ တွေ့ဆုံနေကြတာပါ။ ကျွန်တော်တို့ မကြာခင် ပြုလုပ်တော့မဲ့ ပြိုင်ပွဲ အတွက် ကျွန်တော့် ကလေးတွေရဲ့ ဒီဇိုင်း ကို ကျန်း၀မ်ရင် က တာ၀န်ယူထားတာပါ။

- ကော်ဖီဆိုင်မှာ ဖြစ်သွားခဲ့တဲ့ ကိစ္စကို အစ်ကို့ အနေနဲ့ ဘယ်လိုထင်ပါသလဲ။

ရှီးချန် - အဲ့နေ့က ဘာတွေ ဖြစ်ကြလဲ ကျွန်တော် အကြောင်းစုံမသိပါဘူး။  ဒီကိစ္စမှာ ဘယ်သူမှားမှား မှန်မှန် အဖြစ်အပျက်တွေက ကျွန်တော်တို့ ကြားက ကိစ္စမို့ ကျွန်တော်တို့ ဘာသာ ဖြေရှင်းလိုက်ပါမယ်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now