ဒီနေ့က စန့်တူ ရဲ့ ချစ်သူကြီး လန်ရှိုးယွဲ့ရဲ့ မွေးနေ့ပါတီ! မွေးနေ့ပါတီ သာ ပြောတာပါ သူတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူး တစ်တီတူး လုပ်တဲ့ ပွဲ ကြနေတာပဲ။
စန့်တူကတော့ ရှိုးယွဲ့ ဖုန်းကို စစ်ဆေးရင်း ဟိုဟာရစ် ဒီဟာရစ်နဲ့ ! ဇီထျန့် သစ်တော်သီး တစ်စိပ်ကို ကောက်ဝါးရင်း
ဇီထျန့် - ကျန်းချန်
ကျန်းချန် - အင်း
ဇီထျန့် - မင်းရော ရှီးချန်ကော ရဲ့ ဖုန်းကို ယူစစ်ဖူးလား။
ကျန်းချန် - မစစ်ဘူး။ ငါ ကိုကို့ ကို ယုံတယ်။
စန့်တူ - မင်းပြောမှ ငါကပဲ ဒီအဘိုးကြီးကို မယုံသင်္ကာ ဖြစ်နေတဲ့ အတိုင်း!
ကျန်းချန် စကားအဆုံး စန့်တူက ရှူးရှူးရှားရှား နဲ့ ထအော် တော့သည်။
ရှိုးယွဲ့ - ရှီးချန် က ဒီက ၀မ်ရင် ကို တကယ်ရော ချစ်တာ ဟုတ်ရဲ့လား။
ရှိုးယွဲ့ သူသိချင်သော မေးခွန်းကို ထုတ်မေးလိုက်သည်။
စန့်တူ - ကိုကြီး!
စန့်တူက သူ့ချစ်ချစ်ရဲ့ ဗိုက်ကို တံတောင်နဲ့ တို့လိုက်ပြီး လှမ်းဟန့် လိုက်ပေမယ့် နောက်ကျသွားခဲ့ချေပြီ!! ကျန်းချန် လက်ထဲက အအေးခွက်ကို ငူငူငိုင်ငိုင် ကြီး စိုက်ကြည့်ရင်း
ကျန်းချန် - ကိုကို ...ကျွန်တော့်ကို မချစ်ဘူး။
လျဲ့ပင်း - ရှီးကော က ငါတို့ အစ်ကို၀မ်းကွဲ။
ကျန်းချန် - ငါသိတယ်။ ကိုကို ပြောပြတယ်။
ရှိုးယွဲ့ - ခနနေ ရှီးချန် လာမှာ။ သူတစ်ယောက်တည်းတော့မဟုတ်ဘူး။ မင်ဂျွယ် ရော ဟိုတစ်ယောက်ရော ပါမှာ။ ၀မ်ရင် အဆင်ပြေပါ့မလား။
ကျန်းချန် - ........
အမှန်တော့ ကျန်းချန် ၊ ရှီးချန် ကို အဆက်အသွယ် မလုပ်ခဲ့။ သူဘက်က ဖုန်းစမဆက်သလို ၊ ရှီးချန် ဘက်က ဆက်လာသော ဖုန်းတွေကိုလည်း မကိုင်ခဲ့။ မက်ဆေ့လ်တွေလည်း ပို့ပေမယ့် ၀င်မဖတ်ခဲ့။
ဇီထျန့် - စန့်တူ မင်းယွီချန်ဖေး ကိုရော ဖိတ်ထားတာလား။
အလန့်တကြားထမေးတဲ့ ဇီထျန့်ကြောင့် အကုန်လုံးအကြည့်တွေက ကျန်းချန်ဘေး ၀င်ထိုင်လိုက်သော သူထံ
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
Fiksi PenggemarStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...