မုန့်ယောင် - အား!!! မုန်းတယ် ၀မ်ကျိုးချန် မင်းကို မုန်းတယ်။
ခွမ်း! ဝုန်း!!
မုန့်ယောင် သူ့အခန်းထဲမှာ သောင်းကျန်းနေခြင်း။ သူဆင်ထားတဲ့ ထောင်ချောက်ထဲကို ၀င်သွားသူက မိမိမဟုတ်ပဲ ၀မ်ကျိုးချန် ဖြစ်နေခြင်း။
မုန့်ယောင် - ဘာလို့ လက်ထပ်မှာလဲ။ တစ်ညတာလေး မှားလိုက်တာနဲ့ လက်ထပ်မှာလား။ မောင် မင်း ငါ့အပေါ် ရက်စက်လွန်းတယ်ကွာ။
ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေသော ပစ္စည်းတွေကြားမှာ မိန့်မိန့်ကြီး ရှိနေသော သတင်းစာ! သတင်းစာခေါင်းကြီးပိုင်းမှာ * မင်းသားလန်ရှီးချန် နဲ့ သူ၏ ချစ်သူ လက်ထပ်တော့မည့် အကြောင်း * ဆိုပြီး
ဒါက ဘယ်လိုဖြစ်သွားလဲ ဆို ဒါရိုက်တာကြီးရှောင်ရှင်းချန် ရဲ့ မွေးနေ့ပွဲတုန်းက လန်ရှီးချန် ကို ဆေးခတ်လိုက်တာကနေ စတာ။ မိမိ က အပိုင်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့။ သူက သူ့ချစ်သူဆိုတဲ့ ၀မ်ကျိုးချန် နဲ့ အဆင်ပြေသွားတာ။
ခေါ်ထားသော သတင်းထောက်တွေကလည်း ဒီလိုချိန်မျိုးဆို တအားလျင်သလားမမေးနဲ့။ မိုးမလင်းသေးခင် ရောက်လာတာ။ မိမိနဲ့ မောင် အကြောင်း လူသိရှင်ကြား လုပ်ချင်ခဲ့တာ။ အခုတော့ မိမိ မဟုတ်သော သူ တစ်ယောက်နဲ့ မောင် ဆိုတဲ့ လူသားက သတင်းထွက်ပြီး နောက်ဆုံး လက်ထပ်ဖို့ အထိ ဖြစ်လာခဲ့တော့သည်။
❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
- ကျွန်မ လုံးဝသဘောမတူဘူး။- သဘောမတူလည်း မရတော့ဘူး။ အားလုံးက ဖြစ်ပြီးသွားပြီ။
- အိုး ကျွန်မသားကို ဘာလို့ ယောကျာ်းလေး တစ်ယောက်နဲ့ ပေးစားရမှာလဲ။ ရှောင်းအာ တို့ မိဘတွေကို ဘယ်လို မျက်နှာပြရမှာလဲ။
- မင်းဘက်က တစ်ဖက်သတ်လုပ်ခဲ့တဲ့ မင်္ဂလာပွဲလေ။ သူတို့လည်း သူတို့ သမီးကို မင်းသားနဲ့ လက်ထပ်စေချင်မှာ မဟုတ်တော့ဘူး။
- ဘယ်လိုဖြစ်ဖြစ် ကျွန်မကတော့ သဘောမတူနိုင်ဘူး။
- သဘောတူနိုင်လည်း အိမ်ပေါ်ကနေ ဆင်းသွား ယွီညန် !! ငါ့မြေးကို ပစ်ထားတုန်းက ပစ်ထားပြီး အခုမှ ငါးရံ့ပြာလူး သလို လာဖြစ်မနေနဲ့။
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
Fiksi PenggemarStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...