❄️13❄️ [ Z ]

148 18 2
                                    

ရှီးချန် မက္ကာအို သို့ ရိုက်ကူးရေး မသွားခင် တစ်ရက်လောက်နားပြီး နှစ်ဖက်မိဘ နေ့လည်စာ စားပွဲလေး တစ်ခု ကျင်းပခဲ့ကြသည်။

- ကျန်းသခင်ကြီး နဲ့ မတွေ့ရတာ အတော်ကြာပြီ နေရော ကောင်းရဲ့လား။

- ကောင်းပါတယ်။ ချီရန်ရော အခြေအနေက ကောင်းလား။

- ကောင်းပါတယ် ဆရာ။ ဒီနှစ်ပြီးရင်တော့ ကျွန်တော် ထွက်တော့မလားလို့။ ခေါင်းရှုပ်မခံနိုင်တော့ဘူး။

- ဟားဟား!!

လန်ချီရန် အပြောကြောင့် အားလုံး ရယ်လိုက်ကြသည်။

- ကျင်းလောင်ရှီး တို့ကရော ဒီကို ဘယ်တော့မှ အခြေချမှာလဲ။

- ကျွန်တော် တို့ကတော့ ဟိုမှာပဲ အခြေချတော့မှာ

ချလွင်!!

ကျန်းချန် လက်ထဲမှာ ကိုင်ထားသော တူလေးဟာ ကြမ်းပြင်ထက်သို့ ပြုတ်ကျသွားသည်။

ရှီးချန် - အားချန်  ဘာဖြစ်တာလဲ။

ကျန်းချန် - လက်ချော်သွားလို့။ ဟို ကျွန်တော် သန့်စင်ခန်း သွားလိုက်အုံးမယ်။

လူကြီးတွေကို နှုတ်ဆက်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။ ရှီးချန် လည်း လူကြီးတွေဆီက ခွင့်တောင်းကာ နောက်ကနေ အလျင်အမြန် လိုက်ရတော့သည်။

အမှန်တော့ ကျန်းသခင်ကြီး ရဲ့ ဟိုမှာပဲ အခြေချတော့မယ် ဆိုတဲ့ စကားကြောင့် ကျန်းချန် ရဲ့ ရင်အတွင်း ၀မ်းနည်းမှုတွေ ဆို့တတ်လာရခြင်း! ဟိုမှာက ကျဲရော ယောက်ဖရော  ရှိနေတာမို့ ပါးနဲ့ မား က အဲ့မှာ အပြီးနေချင်တဲ့ သဘော!

ဒါဆို ကျွန်တော် ကရော ဒီမှာ အဖိုးနဲ့ နှစ်ယောက်တည်း နေရမှာလား။

ပါးပြင်ပေါ် စီးကျလာသော မျက်ရည်စတွေကိုလည်း မသုတ်ဖြစ်။

ရှီးချန် - အားချန်! ငိုနေတာလား။ ဘာဖြစ်လို့လဲ။ ကိုယ့်ကို ပြော

ဘေစင်မှာ လက်ထောက်ကာ ငိုနေသော သူကြောင့် ရင်ထဲစိုးထိတ်သွားရသည်။

ကျန်းချန် - မျက်လုံးထဲ အကောင်ဝင်သွားလို့။ ဘာမှ မဖြစ်ဘူး။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now