မင်ဂျွယ် - အားယောင် စွတ်ပြုတ်သောက်ရအောင်
မုန့်ယောင် - အင်း
မုန့်ယောင် ဆေးရုံက ဆင်းလာတာ ၁ပတ်ရှိပြီ။ ဒီတစ်ပတ်အတွင်းမှာ မင်ဂျွယ်က အသေအချာကိုပြုစုစောင့်ရှောက်တာမို့ ထူထူထောင်ထောင် ပြန်ဖြစ်လာသည်။
တစ်ယောက်တည်းအတွေးတွေမများရအောင်လည်း အတူတူထိုင်ကာ စကားတွေဖောင်ဖွဲ့ပြောပေးသည်။ လစ်ဟင်းနေတဲ့ အလုပ်တွေကိုလည်း သူက ကူလုပ်ပေးတာမို့ အကုန် အဆင်ပြေသည်။
မင်ဂျွယ် - ဒီနှစ်အတွက် gp အသစ်တစ်ခုလောက် မွေးထုတ်ပေးသင့်တယ်။
မုန့်ယောင် - ကျွန်တော်လည်း စဥ်းစားထားတယ်။ ဒီနှစ် Gp တစ်ခုအပြင် မင်းသားမင်းသမီးတွေကိုပါ ခေါ်မလားလို့။ မနေ့ညက ကျွန်တော် ဇာတ်လမ်းတစ်ပုဒ်တွေ့လိုက်တယ်။
မင်ဂျွယ် - ဘာဇာတ်လဲ။
မုန့်ယောင် - မော်ဒန်!! ဒရမ်မာ ပိုင်းတွေ အများကြီးပဲ။ မင်းသားနဲ့ မင်းသမီးကိုတော့ တတ်သစ်စထဲကနေပဲ ရွေးမလားလို့။ သူတို့ကိုလည်း အခွင့်အရေး ပေးရမယ်။ ပရိတ်သတ်တွေ လက်ခံလာအောင်။
မင်ဂျွယ် - အင်း မင်းသဘောလေ။ ငါလည်း တတ်စွမ်းတဲ့ ဘက်က ကူညီပေးမယ်။
မုန့်ယောင် - အင်း
မုန့်ယောင် စွတ်ပြုတ် ငုံ့သောက်နေရင်းမှ
မုန့်ယောင် - မင်ဂျွယ်!
မင်ဂျွယ် - အင်း
မုန့်ယောင် - ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းအတွင်း ငါ့အနားမှာ နေပေးပြီး စိတ်ဓာတ်တွေ မကျအောင် လုပ်ပေးလို့။
မင်ဂျွယ် - ရပါတယ်။ ဒီရက်ပိုင်းအတွင်း မဟုတ်ပဲ တစ်သက်လုံး မင်းအနားမှာ နေချင်တယ် ဆိုရင်ရော မင်းခွင့်ပြုမှာလား။
မုန့်ယောင် - တောင်းပန်ပါတယ်။
မင်ဂျွယ် - ရော် ငါက တောင်းပန်သံကို ကြားချင်တာမှ မဟုတ်တာ။ မင်း နေခွင့်ပြုမပြုကိုပဲ ကြားချင်တာ
မုန့်ယောင် - နေခွင့်မပြုဘူး။
မင်ဂျွယ် - မနေခိုင်းလည်း နေမှာပဲ
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
FanfictionStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...