Episode • 03 •
Unicode Version" နောက်၃ရက်လောက်နေရင်သင်္ဘောပြန်လိုက်ရတော့မယ် "
နံနက်စာစားရင်း ဒယ်ဒီပြောသောစကားကြောင့် တိတ်ဆိတ်သွားသည်။ ဒယ်ဒီကသင်္ဘောသားတစ်ယောက်ဖြစ်၏။
မာမီသည် ၀မ်းနည်းသော်လည်း ဟန်ဆောင်ကာပြုံးနေသည်ကို သော်ဝေအောင်ရိပ်မိသည်။မာမီကဘယ်တုန်းကမှ ဒယ်ဒီအပေါ်မည်သည်ကို တောင်းဆိုမှုမရှိခဲ့။ အမြဲတမ်းနားလည်မှုအပြည့်အ၀ပေးသည်။ မာမီက ဒယ်ဒီ့အပေါ်မှာ အရမ်း တာ၀န်ကျေပြီးအရမ်းချစ်သည်ဟု သော်ဝေအောင်ထင်ခဲ့ဖူးသည်။
သေချာပြန်စဉ်းစားကြည့်ရင်းဖြင့် ငော်ဝေအောင်သိလိုက်ရသည်က လောကကြီးတွင် အဲလောက်ထိ နားလည်ပေးတတ်သည့် မိန်းမမျိုးမရှိ။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြောင်းအရာတစ်ခုကြောင့် မာမီ့မှာ မလွတ်မြောက်နိုင်ပဲ ရှိနေရခြင်းဖြစ်သည်။
တကယ်တော့ ဒေါ်ခင်သော်သည် ဦးမိုးဝေအောင် အား ဖော်ပြမရအောင်ကိုချစ်သည်။ ချစ်မြတ်နိုးသည် ဟူသော စိတ္တဇနာမ် တစ်ခုကြောင့်ပင် အရာရာသည်းခံခဲ့လေသည်။
ဒေါ်ခင်သော်တစ်ယောက် ဦးမိုးဝေအောင်၏စကားကြောင့် မျက်နှာပျက်သွားသည်။ ဘာကြောင့်ဆို
သင်္ဘောပြန်လိုက်တော့မည်ကို သူမအား စိုးစဉ်းမျှ အသိမပေးထားခြင်းကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမအား ကြိုတင်၍ပြောပြသင့်သည်ဟုထင်သည်။သို့သော်လည်း သားနှင့်သမီးရှေ့မို့ ပျက်သွားသော မျက်နှာအား ချက်ချင်းပင်ထိန်းကာ စကားပြောလိုက်သည်။
" ဒါဆိုခင်လိုအပ်တာလေးတွေ ဒီနေ့ပဲ သွား၀ယ်လိုက်မယ် "
" အင်း "
" သားလိုက်ပို့ပေးမယ် မာမီ "
" သမီးလည်းလိုက်ခဲ့မယ် "
" ဒါဆို စားပြီးရင်သွားကြမယ်လေ "
" မာမီ အဝတ်စားလဲလိုက်ဦးမယ်၊ သားတို့လည်း သွားပြင်လိုက်ဦး "
" ဟုတ်ကဲ့မာမီ " x2
•••••
သားအမိသုံးယောက် ကားပေါ်ရောက်သောအခါမှစ၍ တလမ်းလုံး တိတ်ဆိတ်နေသော လေထုအခြေအနေကို သော်ဝေအောင်မှ စတင်ဖြိုခွဲလိုက်သည်။
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...