EPISODE • 17 •

302 30 4
                                    

Episode 17
Unicode Version

သော်ဝေအောင် ‌မနေ့ကည‌နေက ဟိဏ်းကိုအိမ်ပြန်လိုက်ပို့ပေးရင်း ရှိုင်းနဲ့ မိတ်ဆက်ပေးဖို့ ရှိုင်းရဲ့အိမ်ကိုသွားရန်အတွက် ဟိဏ်းကိုပူဆာခဲ့သည်။ အစပိုင်းမှာကတော့ ဟိဏ်းကလိုက်ချင်ဟန်မရှိပေမယ့် နောက်ဆုံးကျတော့လည်း လက်ခံလိုက်သည်။ ဒါကြောင့်မနက် ၉ နာရီလောက်မှာ ဟိဏ်းကိုသွားခေါ်ရ၏။

ပန်းနုရောင်ချည်သားအင်္ကျီလက်ရှည်နဲ့ ရိုးရိုးဘောင်းဘီတစ်ထည်ကို ပေါ့‌ပေါ့ပါးပါး ဝတ်လာတဲ့ဟိဏ်းက ဘာဝတ်ဝတ်လိုက်နေတာမျိုးလားမပြောတတ်။

" အစ်ကို့သူငယ်ချင်းက ဘယ်မှာနေတာလဲ "

ကားပေါ်ရောက်ရောက်ခြင်း ကားဘီးတောင်မလှိမ့်ရသေးခင်မှာပဲ ဟိဏ်းရဲ့မေးမြန်းခြင်းကို အရင်ဖြေကြားရသည်။

" အင်းစိန်ဈေးနားမှာ "

" ဪ ... မီးသတ်နားပေါ့ "

" အင်း၊ ဟုတ်တယ်၊ အဲနားဝန်းကျင်မှာ နေတာ "

ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်နေတဲ့ဟိဏ်းက ခုံကိုနောက်ကိုလျောချကာ အိပ်သန်းဝေရင်းဆိုလာသည်။

" ကျွန်တော်ခဏလောက် မှေးလိုက်ဦးမယ် "

" မှေးရုံတင်မက အိပ်ချင်လည်းအိပ်လို့ရတယ်၊ စိတ်ချလက်ချသာအိပ် "

" ဟင့်အင်း၊ မအိပ်ပါဘူး၊ မှေးရုံတင်ပဲ "

" အိုကေပါဗျာ "

ကျောင်းပိတ်တာတောင် ဆန်ဆိုင်ထိုင်ပေးနေရတဲ့ဟိဏ်းက ညဘက်တွေဆိုလည်း ချက်ချင်းမအိပ်ရ။ ဂျပန်စာကိုလည်း အချိန်ရရင်ရသလို နေ့တိုင်း လေ့လာရသေးသည်။ ဒီအကြောင်းတွေကို ဟိဏ်းကိုညဘက်ဖုန်းဆက်ရင်းနဲ့သိခဲ့ခြင်းဖြစ်သည်။ ဘေးထိုင်ခုံမှာ မျက်လုံးလေး‌တွေကို မှိတ်ရင်း မှေးဆင်းနေတဲ့ ကောင်လေးနိုးသွားမှာစိုးတာကြောင့် ကားကိုဖြည်းဖြည်းနဲ့ မှန်မှန်သာမောင်းခဲ့သည်။

မီးပွိုင့်မိတိုင်းလည်း အိပ်ပျော်နေတဲ့ကောင်လေးရဲ့ မျက်နှာ‌ချောချောကိုက ငေးကြည်နေရင်း ဟိဏ်းက မှေးရုံတင်မဟုတ်ပါ အိပ်ပါအိပ်ပျော်သွားပြီကိုသိလိုက်ရသည်။ အသက်ရှူမှန်မှန်နဲ့အိပ်ပျော်နေတဲ့ ဟိဏ်းကိုကြည့်နေရုံဖြင့်အားမရပေ။ ထို့ကြောင်း မီးပွိုင့်မိတိုင်း ‌မျက်နှာချောချောပေါ်က အစိတ်အပိုင်းတိုင်းကို လှမ်းလှမ်းနမ်းရသည်မှာလည်း အမော။ နမ်းနေတုန်း နိုးသွားမှာလည်း ကြောက်ရသေးသည်။ ဒါကြောင့် သူ့ရဲ့အနမ်းချိုချိုလေးတွေက ခပ်ဖွဖွလေးသာ။ မီးပွိုင့်ခဏခဏမိဖို့ ဆုတောင်းရန်လည်း မမေ့ခဲ့ပေ။

Destiny or FateWhere stories live. Discover now