EPISODE • 38 •

328 23 9
                                    

Episode 38
Unicode Version

ဒီနေ့အတွက်တော့ လုပ်သမျှကိစ္စတွေအားလုံးအဆင်ချောနေသည်။ ဘုန်းကြီးကျောင်းဆောင်အသစ်အတွက် ဆောက်လုပ်ရေးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အချောသတ်ပြီးသွားတာကြောင့် ဒီနေ့တော့ အတွင်းပိုင်းမှာကျန်ရှိ‌နေသေးတဲ့ပစ္စည်းတွေကို သိမ်းဆည်းရုံသာကျန်တော့သည်။

ဘုန်းကြီးကျောင်းလည်းဆောက်ပြီးသွားပြီဆိုတော့ မကြာခင်အတွင်းမှာ ဟိဏ်းရဲ့ဆွေမျိုးတွေလည်းထားဝယ်ကိုရောက်လာနိုင်တယ်မဟုတ်လား။ ဒီဘုန်းကြီးကျောင်းဆောင်အသစ်ကိုဆောက်လုပ်လှူဒါန်းရတဲ့ရည်ရွယ်ချက်က ဟိဏ်းရဲ့မွေးနေ့အတွက် ကောင်းမှုကုသိုလ်လုပ်ခြင်းတစ်ခုဆိုတာလည်း သော်ဝေအောင်သိသည်။

တစ်ခါတစ်လေတော့လည်း ဟိဏ်းရဲ့ဘဝကြီးကိုအားကျမိသည်။ နိုင်ငံရပ်ခြားမှာရှိနေပေမယ့်လည်း ‌မွေးရပ်မြေမှာရှိနေတဲ့မိသားစုဆွေမျိုးအပေါင်းအပါတွေက ‌ဟိဏ်းအတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းမှုကုသိုလ်တွေ နှစ်စဥ်နှစ်တိုင်းသာမက လစဉ်လတိုင်းလည်းလုပ်နေကြတာမဟုတ်လား။

ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး ဟိဏ်းရဲ့မွေးနေ့ဆိုရင် ထူးထူးခြားခြားမွေးနေ့ပွဲကျင်းပလေ့မရှိပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြီးတာ‌နဲ့နောက်တစ်ရက်တွင် ဟိဏ်းတို့မိသားစုတစ်ခုလုံးက ကြက်သားပလာတာကျွေးလေ့ရှိသည်။ ဟိဏ်းထွက်သွားတဲ့ပထမဦးဆုံးနှစ်ကဆိုရင် ဆန်ဆိုင်ရှေ့တည့်တည့်မှာ ကြက်သားအိုးအကြီးကြီး နှစ်အိုးချထားကာ တစ်ဦးလျှင်ပလာတာနှစ်ချပ်နှုန်းဖြင့် ကြက်သာပလာတာစတုဒီသာကျွေးခဲ့သည်ကိုလည်းမှတ်မိသေးသည်။

ပင်မသမိုင်းဆန်ဆိုင်တွင်သာမက ဆန်ဆိုင်ခွဲတွေအားလုံးမှာလည်း ကြက်သားပလာတာစတုဒီသာကို နှစ်တိုင်းမှာ မရှိတဲ့ဟိဏ်းရဲ့မွေးနေ့အတွက် ရည်ရွယ်ပြီးလုပ်လေ့ရှိသည်။ ဒီ‌နှစ်ကတော့
၄ နှစ်တစ်ကြိမ်သာကျရောက်တဲ့ဟိဏ်းရဲ့မွေးနေ့ရက်မြတ်ကလည်း ပြက္ခဒိန်မှာအထင်းသား။ ဒီနှစ်တော့ ပုံမှန်နှစ်တွေထက်တောင် ပိုပြီးကြီးကြီးကျယ်ကျယ်လုပ်နိုင်မလား။ ဒီနှစ်လေးမှာတော့ ဟိဏ်းရဲ့အရိပ်အရောင်ကို လူကိုယ်တိုင်လေးဖြစ်ဖြစ်တွေ့ချင်မိသည်။

Destiny or FateWhere stories live. Discover now