EPISODE • 24 •

265 22 3
                                    

Episode 24
Unicode Version

အစ်ကိုနဲ့အတူ တစ်ငြိမ့်ငြိမ့်လိုက်ပါစီးနင်းလာတဲ့ကားလေးက တိခနဲ့ရပ်သွားတော့ အစ်ကိုကဟိဏ်းကို ထုံးစံအတိုင်းရွှင်ပြုံးပြုံးကြည့်ကာဆိုလေသည်။

" ရောက်ပြီ ... ဒါကိုယ့်အိမ်ပဲ "

ဟိဏ်းကားပေါ်ကဆင်းဖို့ပြင်တော့ အစ်ကိုကဟိဏ်းရဲ့လက်ကိုဆွဲကိုင်ကာလှမ်တားလေ၏။

" ခြံထဲကားထည့်မလို့ ... ကိုယ်ပဲဆင်းလိုက်မယ် "

" ကြည့်ပေးဖို့လိုသေးလား "

" လိုတယ် ... ကိုယ့်ကိုကြည့်နေဖို့ပဲလိုတယ် "

" နောက်ပြန်ပြီ "

" ဟားဟား ... တကယ်ပြောတာ "

ရယ်မောကာ ကားပေါ်ကဆင်းသွားတဲ့အစ်ကိုက ထုံးစံအတိုင်းကို ဟိဏ်းကိုစနောက်လိုက်ရမှာကျေနပ်တဲ့သူမျိုးဖြစ်လေ၏။ ဟိဏ်းကိုမထိတထိစနောက်တာမျိုးကို ဟိဏ်းသဘောမကျပေမယ့် စတဲ့သူက အစ်ကိုဖြစ်နေလို့လားမသိ။ ဟိဏ်းသဘောကျမိပါသည်။

ခြံတံခါးဖွင့်ပြီး ကားပေါ်ပြန်တက်လာတဲ့အစ်ကိုကိုကြည့်ကာ ဟိဏ်းပြုံးမိသည်။ ဟိဏ်းနည်းတူ လူအများရှေ့မှာခပ်တည်တည်နေပေမယ့် ဖော်ရွေတတ်တဲ့အစ်ကိုက ဟိဏ်းရဲ့အရှေ့မှာတော့ ချစ်ချင်စရာကောင်းလှသည်။

" ကိုယ့်ကိုဘာလို့အဲလောက်တောင် ကြည့်နေရတာလဲဟိဏ်းရဲ့ "

" ချစ်လို့လေ၊ ဘာလဲ၊ မကြည့်ရဘူးလား "

" ကြည့်စမ်းပါကိုယ့်အချစ်ရယ်၊ ကိုယ့်ကိုချစ်လို့ကြည့်တာဆိုရင် မျက်လုံးကြီးပြုတ်ထွက်သွားအထိ ကြည့်လိုက်စမ်းပါ "

" ဟာဗျာ ... အစ်ကိုကနည်းနည်းပြောလိုက်ရင် များများကိုပိုလွန်းတယ် "

" ဒါကလည်း ဟိဏ်းကိုချစ်လို့ပါကွာ "

" သိပါတယ်ဆိုနေ "

" သိရင် ကားပေါ်ကဆင်းလို့ရပါပြီဗျာ "

စကားဆက်ပြောနေရင် အစခံနေရဦးမှာသိနေတဲ့ဟိဏ်းကပဲ ကားပေါ်က ခပ်မြန်မြန်ဆင်းလိုက်သည်။ အစ်ကို့အိမ်ကိုပထမဦးဆုံးအကြိမ်စရောက်တုန်းက အခုခေါ်လာတဲ့အိမ်မဟုတ်။ ပထမဆုံးသွားခဲ့ဖူးတဲ့အိမ်က တစ်ထပ်အိမ်လေးဖြစ်သည်။ ရောက်ဖူးတယ်ဆိုတာကလည်း ခရီးသွားဖို့သွားခေါ်တုန်းကပါပဲ။ ‌ဪ ... မေ့လို့ သီတင်းကျွတ်ကန်တော့တုန်းကလည်း ဒီအိမ်မဟုတ်ဘူးပဲ။

Destiny or FateWhere stories live. Discover now