Episode 40
Unicode Versionတစ်ဖက်တွင်လည်း ငွေအလွဲသုံးစားလုပ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံရတာက ၈ နှစ်ဆိုပေမယ့် သမ္မတအပြောင်းအလဲကြောင့် ဦးမင်းညိုတစ်ယောက် ၄ နှစ်သာထောင်ထဲမှာ အချိန်ကုန်ဆုံးရင်း လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့လေ၏။ ၄ နှစ်လောက်နီးပါးထောင်ထဲမှာနေခဲ့ရတဲ့မို့ ပါးသိုင်းမွေး နှုတ်ခမ်းမွေးထူထူအပြင် ဆံပင်တွေပါ ရှည်နေပြီ။
ထောင်ထဲကပြန်ထွက်လာလာချင်း သွားရမယ့်နေရာဆိုလို့ အင်းယားလမ်းဘက်က ခြံကြီးသာရှိသည်။ ထိုခြံကြီးကို MT ကသိမ်းသွားတယ်ဆိုပေမယ့်လည်း ဦးမင်းညို နောင်တတော့အများကြီးမရမိပါ။ ထိုက်တန်တဲ့သူရဲ့လက်ထဲကိုပြန်ရောက်သွားတယ်လို့ပဲပြောရမလား။
MT ဆောက်လုပ်ရေးလုပ်ငန်းကနေ ဦးမင်းညို ငွေနည်းနည်းစီလှည့်ထုတ်ခဲ့သည်မှာ ကြာလှရှိပေါ့။ MT ဆောက်လုပ်ရေးလုပ်ငန်းက Family type company မို့သူဒီလိုလုပ်ခဲ့ခြင်းသာ။ နောက်ဆုံးတော့လည်း မိသွားအပြင် ထွက်ပြေးတိမ်းရှောင်နေတုန်း သမီးကိုဆက်သွယ်လိုက်မိရာမှတစ်ဆင့် အဖမ်းခံခဲ့ရသည်။
တကယ်တော့ သူလည်း ငွေမက်ပြီး လုပ်မိလုပ်ရာလုပ်ခဲ့တာမို့ ထိုက်တန်တဲ့အပြစ်ကိုလည်း ယူခဲ့ပြီးသားပါ။
ထောင်ကထွက်ထွက်ချင်း သူ့ကိုထောင်ထဲထည့်ပြီး အသိတရားရအောင်လုပ်ပေးခဲ့တဲ့ သမီးနှောင်းဖူးညိုကိုဆက်သွယ်ဖို့စဉ်းစားပေမယ့် အပြင်မှာ ကျန်ခဲ့တဲ့သူ့ရဲ့ဇနီးသည် ခင်ကျော်ကိုဦးဆုံးသတိရမိသည်။
ခင်ကျော် ထောင်ဝင်စာလာတွေ့တိုင်း စမ်းချောင်းက သူ့အစ်မအိမ်မှာ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်လို့ပြောလို့ စိတ်အေးခဲ့ရ၏။
အိမ်မှာအလုပ်လာလုပ်တဲ့ ခင်ကျော့်ကို မီးတွင်းထဲမှာသေဆုံးသွားတဲ့မိန်းမဖြစ်သူအစား သမီးအတွက် မိခင်တစ်ယောက်ဖြစ်ပေးနိုင်မယ်လို့မျှော်လင့်တာမို့ လက်ထပ်ယူခဲ့သည်။ သူကိုယ်တိုင်လည်း လိုလိုလားလားရှိနေခဲ့တာမို့ အခက်အခဲဆိုတာမျိုးကမရှိခဲ့။
တကယ်တော့ ခင်ကျော့်မှာ သူနဲ့မယူခင်ကတည်းက ကလေးတစ်ယောက်မွေးထားပြီးသားဆိုတာ ဦးမင်းညိုသိပြီးသားပါ။
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...