EPISODE • 22 •

282 31 11
                                    

Episode 22
Unicode Version

ဒီ‌နေ့က သီတင်းကျွတ်လပြည့်နေ့မဟုတ်ပေမယ့် အစ်ကိုကရုတ်တရက်ကြီး ဟိဏ်းရဲ့အိမ်ကိုရောက်ချလာပြီး မေမေ့ကိုလာကန်တော့တာဖြစ်သည်။ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာပေမယ့် ဟိဏ်းတို့အားလုံးအိမ်မှာရှိနေကြလို့တော်သေးသည်။ ဒါပေမယ့် ပါပါးကတော့ အစ်ကို့ကိုသိပ်မကြည်။ သိပ်မကြည်ဘူးဆိုတာကလည်းမြင်နေကျမဟုတ်လို့ပါ။ အစကတော့ခပ်စိမ်းစိမ်းပေမယ့် အစ်ကိုကဖော်ဖော်ရွေရွေနေတတ်တာမို့ ခဏလေးနဲ့စကားလက်ဆုံကျသွားသည်။

တကယ်တော့ ဒီနေ့ ဟိဏ်းပန်းချီဆွဲနေတာမို့ စုတ်စုတ်ပြတ်ပြတ်ဖြစ်နေသည်။ အစ်ကိုရောက်နေတယ်ဆိုတာကို ဟိဏ်းအစကသိတောင်မသိ။ ခေါင်မိုးထပ်မှာပန်းချီဆွဲနေတုန်း ‌လိုအပ်တာတစ်ခုယူဖို့အတွက် အောက်ပြန်ဆင်းလာရင်းနဲ့မှ အစ်ကိုရောကနေမှန်းသိတာဖြစ်သည်။

အစ်ကိုအိမ်လာလည်တိုင်း အမြဲတမ်းဟိဏ်းရဲ့အခန်းထဲမှာပဲ နေဖြစ်တာမို့ အခုလည်းအစ်ကို့ကိုအ‌ပေါ်ထပ်ကိုခေါ်လာခဲ့လိုက်သည်။ ဦးတည်ရာကတော့ ‌ဟိဏ်းရဲ့အခန်းမဟုတ်တဲ့ ခေါင်မိုးထပ်ကိုပေါ့။ ဟိဏ်းပန်းချီဆွဲနေတုန်းတန်းလန်းကြီးထားခဲ့တာမို့ ပန်းချီကားရှေ့ရောက်တာနဲ့ဟိဏ်းလည်း ပန်းချီကားဆီကိုသာ အာရုံပြန်ရောက်သွားတော့သည်။

" ဒုန်း "

ဟိဏ်းတော်တော်ကြာ ပန်းချီကားဆီကိုအာရုံရောက်နေရင်းနဲ့မှ ထွက်ပေါ်လာတဲ့အသံကျယ်ကျယ်တစ်ခုကြောင့် အသံလာရာကိုလှည့်ကြည့်လိုက်တော့ အစ်ကိုက ရေပုံးကိုဝင်တိုက်မိတာဖြစ်သည်။

" စိုကုန်ပြီ ... ကျွန်တော့်အခန်းထဲမှာ အဆင်ပြေတဲ့ဟာသွားလဲလိုက် "

" ရတယ် ... ပြန်ခါနီးမှပဲ လဲလိုက်မယ် "

" ဒါဆိုလည်း ပြီးတာပါပဲ၊ ပုံဆွဲချင်ရင် အဲဒီမှာဆွဲလို့ရတယ် "

အဆင်ပြေ‌တဲ့ပုံပေါ်နေတဲ့အစ်ကို့ကြောင့်ဟိဏ်းလည်း ခေါင်းငြိမ့်ပြလိုက်သည်။ ဟိဏ်းပန်းချီဆွဲရင် တော်တော်ကြာတာမို့ အစ်ကိုပျင်းနေမှာစိုးတာကြောင့် အစ်ကိုလည်းအပျင်းပြေတစ်ခုခုဆွဲလို့ရအောင် စာရွက်အလွတ်တစ်ခုကို ညွှန်ပြလိုက်သည်။

Destiny or FateWhere stories live. Discover now