EPISODE • 23 •

251 21 2
                                    

Episode 23
Unicode Version

သော်ဝေအောင် ဟိဏ်းနဲ့မတွေ့ဖြစ်တာ ၁၅ ရက်နီးပါးလောက်ရှိနေပြီဖြစ်သည်။ ချဲ့ကားပြောရရင်တော့ သီတင်းကျွတ်ပြီးတည်းကလို့ဆိုရမည်။ ဟိဏ်းရဲ့မိဘ‌တွေနဲ့‌ သော်ဝေအောင်ရဲ့မာမီကို အပြန်အလှန် ကန်တော့တဲ့ နှစ်ရက်ကိုဖယ်လိုက်ရင်တော့ ၁၃ ရက်ပေါ့။ ပွဲဈေးရှိတဲ့ညတိုင်းတွေ့တာကိုတော့မပြောတော့ပါ။ ပြောရင်းဆိုရင်း သီတင်းကျွတ်အတွက်အပြန်အလှန်လိုက်ကန်တော့တာက မသိရင် နှစ်ဖက်မိဘတွေ့ဆုံသလိုမျိုးဖြစ်နေသလို။ ဟိဏ်းရဲ့ကြီးနှစ်ကိုလည်း သော်ဝေအောင် အရင်ဆုံးသွားကန်တော့ခဲ့တာဟာလည်း အမှတ်တရတစ်ခုလိုပင်။

မတွေ့ဖြစ်တာ နှစ်ပတ်ကျော်လောက်တောင်ရှိနေပြီမို့ သော်ဝေအောင် ဟိဏ်းကိုအရမ်းတွေ့ချင်နေလေပြီလေ။ ဟိဏ်းနဲ့ပွဲဈေးတစ်ရက်လောက်လည်ပြီးကတည်းက သူ့အမျိုးတွေကိုလိုက်ပတ်ကန်တော့တိုင်း မပါမဖြစ် အဓိကပြဂုဒ်‌အနေနဲ့လိုက်ပါရသည်ဟုဆို၏။ တစ်ချို့သွားကန်တော့တဲ့အိမ်တွေဆိုရင် ဟိဏ်းသိတောင်မသိတဲ့အိမ်မျိုးတွေရှိသည်ဟုလည်း ဟိဏ်းနဲ့ညဘက်စကားပြောတိုင်း ပြန်သိရသည်။

သော်ဝေအောင်ရဲ့အချစ်ကလေးဘဝကလည်း ကန်ဝောာ့ပြီးတာနဲ့နားရမလားမှတ်ပါတယ်၊ သမိုင်းကဆန်ဆိုင်ခွဲမှာ နေ့တိုင်း အချိန်ပြည့်မဟုတ်ရင်တောင် နေ့တစ်ဝက်လောက်ထိုင်ပေးနေရတယ်လို့ ဟိဏ်းပြောလို့ သော်ဝေအောင် သိရပါသည်။ သီတင်းကျွတ်ကာလဆိုတော့ ဧည့်ခံကျွေးမွေးပွဲတွေအတွက် ဆန်ဆိုတာမရှိမဖြစ်လိုအပ်နေတဲ့အရာမို့ ဖောက်သည်အရမ်းများသည်ဟုဆိုသည်။

ဒါကတော့ သိပ်တော့အထူးအဆန်းမဟုတ်ပါဘူး။ သော်ဝေအောင်တို့ အထည်ဆိုင်မှာ‌လည်း အခုအထိကို အထည်လာဝယ်တဲ့သူတွေကရှိသေးသည်။ အထည်နဲ့ကန်တော့မယ့် လူတွေများမှများ။ တကယ်ဆိုရင် အထည်ဝယ်တာကမ‌ကောင်းပါဘူး။ ချုပ်ခအပိုတောင်ထပ်ကုန်သေးသည်။ သူသာဆိုရင်ချုပ်ပြီးသားပဲ ဝယ်ဝတ်မှာပေါ့။ တကယ်လည်းချုပ်ဝတ်စရာမှမလိုပဲ။ ဒီလိုတွေးနေတာသာ ‌မာမီသိရင်တော့ သူ့ဆိုင်လေးအမြတ်မပြောနဲ့အရင်းပါပြုတ်ပါပြီလို့ ပြောနေမှာအသေအချာပင်။

Destiny or FateWhere stories live. Discover now