EPISODE • 39 •

379 20 7
                                    

Episode 39
Unicode Version

ဟိဏ်းဒီမှာကျန်နေခဲ့မယ်လည်းဆိုတော့ ကြီးနှစ်တို့အားလုံးက ဟိဏ်းကိုစိတ်ချလက်ချထားခဲ့ကာ တည်းရမည့် ဟိုတယ်ကိုခရီးဆက်ကြသည်။ ကျန်ခဲ့တဲ့လူကဟိဏ်းတစ်ယောက်တည်းတော့မဟုတ် ရသော်လည်းပါသည်။ ကျန်ခဲ့ရတဲ့အကြောင်းအရင်းက အိမ်သာဝင်ချင်လို့ဆိုတဲ့အကြောင်းအရင်းကြောင့် ရသော်အိမ်သာဝင်နေတုန်းထားခဲ့ခြင်းဖြစ်၏။

အခုလက်ရှိအခြေအနေကတော့ အစ်ကိုနဲ့ဟိဏ်း ဧည့်ခန်းထဲမှာမျက်နှာချင်းဆိုင်ထိုင်နေကြပေမယ့် စကားတစ်ခွန်းမှမပြောဖြစ်ကြသေးပေ။ ဧည့်ခန်းပတ်ပတ်လည်ကို မျက်လုံးတစ်ချက်ဝှေ့ကြည့်မိတော့ အရင်ကလိုရှုပ်ပွနေတာပဲလို့ပြောလို့မရ‌လောက်အောင် အထိသန့်ရှင်းသပ်ရပ်လွန်းသည်။ ဒါဟာသုံးနှစ်တာအတွင်းပြောင်းလဲခြင်းလား။

အိမ်သာကထွက်လာတဲ့ ရသော်က ဟိဏ်းရဲ့ဘေးနားမှာလာထိုင်တော့မှ အစ်ကိုကစကားစသည်။

" ဟိဏ်းရဲ့ဇနီးလား၊ ကိုယ် ... အစ်ကိုနဲ့မိတ်ဆက်ပေးပါဦး "

အစ်ကို့ရဲ့မေးခွန်းကြောင့် ဟိဏ်းအသံထွက်တဲ့အထိရယ်မိလိုက်သလိုသော့်ရဲ့ စိတ်ဆိုးမာန်ဆိုးအသံဟိန်းဟိန်းကလည်းထွက်ပေါ်လာသည်။

" ဘောကိုဇနီး "

ဒေါသထွက်ကာပြောနေတဲ့ ရသော့်ရဲ့အသံကြောင့် အစ်ကိုကလည်း‌ ရုတ်တရက်ဆိုတော့လန့်သွားလေ၏။ ဟိဏ်းနဲ့လေဆိပ်မှာပထမဦးဆုံးအကြိမ်တွေ့တုန်းက ဟိဏ်းကိုယ်တိုင်လည်းသော့်ကို မိန်းကလေးလို့ထင်ခဲ့ဖူးတာပဲမဟုတ်လား။ ထင်လည်းထင်ချင်စရာပဲကို။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ယောက်ျားအရမ်းဆန်တဲ့ပုံစံမျိုးမဟုတ်တာကြောင့် ဆံပင်ရှည်ရှည်ကိုပါထပ်ပေါင်းထည့်လိုက်တော့ မိန်းကလေးလို့ပဲထင်မိကျတာသဘာဝပင်။

" ‌အာ ... ယောက်ျားလေးမှန်းအစ်ကိုမသိလို့ပြောမိတာပါ၊ တောင်းပန်ပါတယ် "

" လူတိုင်းက တော်ရုံဆိုရင် မိန်းကလေးလို့ပဲအထင်မှားတာ၊ ခင်ဗျားနဲ့တွေ့မှ ဇနီးမယားနေရာရောက်သွားတယ်၊ တောင်းပန်လို့ကျေအေးပေးလိုက်တယ်မှတ်၊ ထားလိုက်ပါတော့ ... မိတ်ဆက်ချင်တာမလား၊ ကျွန်တော့်နာမည်ကရသော်ဓီးလွင် "

Destiny or FateWhere stories live. Discover now