EPISODE • 34 •

228 21 2
                                    

Episode 34
Unicode Version

ဟိဏ်းထွက်သွားပြီးပြီးချင်း ညနေဘက်တွင် ကိစ္စအကြီးကြီးတစ်ခုဖြစ်သွားခဲ့၏။ ဒီကိစ္စအတွက်သော်ဝေအောင်ဘယ်လိုဖြေရှင်းရမလဲမသိသလို ဟိဏ်းသိသွားမှာလည်းစိုးရိမ်မိသည်။ ဒါ့အပြင် ဒီကိစ္စကဟိဏ်းမသိအောင်ဖုံးကွယ်ထားလို့ရတဲ့ကိစ္စမှမဟုတ်ပဲ။

" အစ်ကိုသော် ညီမတို့ဘယ်လိုလုပ်ကြမလဲဟင် "

အဲဒီအိမ်နဲ့မပတ်သတ်ဖို့ ဟိဏ်းအတန်တန်ပြောထားရဲ့သားနဲ့ သွားပတ်သတ်ဖြစ်အောင်ပတ်သတ်တဲ့သော်ဝေအောင် ကိုယ့်ကိုယ်ကိုယ်သာထုရိုက်ပစ်လိုက်ချင်သည်။

" အစ်ကိုကြည့်ဖြေရှင်းလိုက်ပါ့မယ် "

" ညီမလည်းစိတ်မကောင်းပါဘူး "

ဒါပေါ့။ ဘယ်စိတ်ကောင်း‌ပါ့မလဲ။ ကိုယ်တိုင်ခံစားရ‌သလောက်တော့ ဘယ်ဟုတ်ပါ့မလဲ။ စိတ်မကောင်းဘူးလို့ ပါးစပ်ကပြောနေပေမယ့် တကယ်တမ်းကျ တပ်တူတော့ဘယ်ကျနိုင်မလဲ။

" သမီးကိုအမေနဲ့သွားထားလိုက်ဦးမယ် အစ်ကိုသော် "

" ဦးဦး တာ့တာ "

" အေး ... အေး၊ တာ့တာ "

အိမ်ထဲဝင်သွားတဲ့သားအမိနှစ်ယောက်ကိုကြည့်ရင်းသက်ပြင်းချမိသည်။ အဖြစ်အပျက်တစ်ခုလုံးက မြန်ဆန်စွာပြီးဆုံးသွားကာ စုအုံနေတဲ့လူတွေအကုန်လုံးကလည်း အလျိုလျိုထွက်သွားကြသည်။ ကားသမားကလည်း တောင်းပန်ရုံပဲတတ်နိုင်မှာပေါ့။ မိုင်လိုကသေသွားပြီပဲဟာ။

စိတ်ချလက်ချနဲ့သူများအိမ်ကိုပို့ထားလိုက်ကာမှ အဲဒီအိမ်ရဲ့ခြံထဲကနေထွက်ပြေးရင် ကားတဲ့တက်ကျိတ်မိတဲ့အဖြစ်နဲ့ကြုံရတဲ့ မိုင်လိုလေး။ ဒီလိုဖြစ်အောင်လည်း သော်ဝေအောင်ကိုယ်တိုင်ပဲဖန်တီးခဲ့တာမဟုတ်လား။

ခန္ဓာကိုယ်တစ်ခြမ်းကားတက်ကျိတ်ခံထားကာ သွေးချင်းချင်းရဲနေတဲ့ မိုင်လို့ရဲ့အသက်မဲ့နေတဲ့ကိုယ်လေးကိုကောက်ယူလိုက်သည်။

" ခြံရှေ့ကသွေးတွေကို သေချာရေလောင်းလိုက်ပါ "

" ဟုတ်ကဲ့အစ်ကိုသော်၊ အရမ်းကြီးစိတ်ထဲသိပ်မထားပါနဲ့၊ ခွေးလေးတစ်ကောင်သေသွားတာပဲဟာကို "

Destiny or FateWhere stories live. Discover now