Episode 33
Unicode Version" သားငယ်လေးရော သား "
ညနေ ၆ နာရီလောက်မှ မာမီနဲ့မမတို့အိမ်ပြန်ရောက်လာကြသည်။ အိမ်ရောက်တာနဲ့မြင်နေကြမျက်နှာပိုင်ရှင်လေးကိုမတွေ့တာနဲ့ မေးကြလေ၏။
" နေမကောင်းလို့ အိပ်နေတယ် "
" ဟယ် ... ဘယ်နားနေမကောင်းတာလဲ၊ ဆေးခန်းသွားထားသေးလား "
" ဘယ်လိုဖြစ်တာလဲ၊ မနက်ကမှအကောင်းကြီးပါ "
မာမီသာမက မမပါ,ပါလာတာမို့ သော်ဝေအောင်စိတ်ထဲကြိတ်ရယ်မိလိုက်၏။ ဘာလို့နေမကောင်းဖြစ်တာလဲသာပြောလိုက်ရင် သော်ဝေအောင်တော့အရိုက်ခံရလောက်သည်။
" ကျွန်တော်နဲ့နေ့လယ်က အပြင်သွားတာ၊ အဝေးကြီးမဟုတ်ပါဘူး၊ ပင်လုံ citymart နဲ့ခွေးပစ္စည်းဆိုင်ကိုသွားတာ ပြန်လာတော့ ... အဟမ်း ... ရေတန်းချိုးလိုက်တာလေ အဲမှာနေမကောင်းဖြစ်သွားရော "
" အို ... ဒီကလေးကတော့၊ ပုံမှန်ဆိုရင် ဒီလောက်နမော်နမဲ့မနိုင်ပါဘူး၊ မင်းနဲ့အနေနီးလို့ မင်းလိုဖြစ်လာတာနေမယ်၊ ဖယ် ... ဖယ် "
" ဟမ် "
ဘာမှလည်းမဆိုင်ပဲနဲ့သော်ဝေအောင်က ဘလိုင်းကြီးအပြောခံလိုက်သည်။
" နင်လိမ်နေတာမလား "
မမကရုတ်တရက်ကြီး စုံထောက်လိုလိုဘာလိုလိုနဲ့ အနားကိုကပ်ကာမေးလာတာမို့ သော်ဝေအောင်ငြင်းလိုက်ရသည်။
" မဟုတ်ပါဘူး "
" ပျော်လား "
" ဘာကိုလဲ "
" ဟိဏ်းကနေမကောင်းဖြစ်နေပေမယ့်၊ နင်ကတော့လန်းဆန်းနေတယ်လေ၊ သူနေမကောင်းဖြစ်တာကိုကြိတ်ပျော်နေတာမလား "
နေမကောင်းဖြစ်တာကိုကြိတ်ပျော်နေတာမဟုတ်ပေမယ့် နေမကောင်းဖြစ်တဲ့အထိများဖြစ်သွားတာလားလို့တွေးမိရင်း စိတ်လည်းမကောင်းသလို၊ ရယ်လည်းရယ်ချင်နေမိတာဖြစ်သည်။
" မဟုတ်ပါဘူး "
" အခုပဲကြည့်ပါလား ... ချက်ချင်းမဖြေနိုင်ဘူးလေ "
" မဟုတ် ... "
" ဘာမှလာရှင်းပြမနေနဲ့၊ ငါ့အရှေ့ကဖယ် "
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...