Episode • 04 •
Unicode Versionဘာလိုလိုနဲ့ရက်ကနေ လအဖြစ်ပြောင်းလဲလာရာ ဒီကာလအတောအတွင်း အစ်ကိုနှင့်ဟိဏ်းတို့ နှစ်ယောက်အပြန်အလှန်စာပို့ရင်း ရင်းနှီးကျွမ်း၀င်လာကြသည်။
ကျောင်းပိတ်သော အားလက်ရက်များအတွင်း၌လည်း
သုတနိုင်၊ အစ်ကိုနှင့်ဟိဏ်းတို့ သုံးယောက်သား အတူ ရွှေပလ္လင်၌ဆုံဖြစ်ကြသည်။ ဆုံစရာကလည်း ဒီနေရာပဲရှိတာကိုး။သုတနိုင်နှင့်ဟိဏ်းတို့နှစ်ယောက်ကတော့ ပြန်တည့်သွားကြပြီး အရင်ကနှစ်ယောက်တည်းသာဆုံနေကြနေရာမှာ လူသစ်တစ်ယောက်အနေနဲ့ အစ်ကိုကပါ,ပါ၀င်လာခဲ့သည်။ သုံးယောက်သားစကားဝိုင်းသည် အစပိုင်းတုန်းကလို အေးစက်မနေတော့ပဲ အချိန်ကြာလာသည်နှင့်အမျှ ပို၍နွေးထွေးလာလေသည်။
ဟိဏ်းက နေ့စဉ်ကြုံတွေရသည့်ကိစ္စသေးသေးတွေတွေက အစ အကြီးကြီးတွေအဆုံး အစ်ကို့အားပြောပြတတ်သည်။ ယခင်က သုတနိုင်အားပြောပြတတ်သည့် အကြောင်းအရာများဖြစ်သော်လည်း ယခုတော့ သုတနိုင်အား မပြောပြဖြစ်တော့ပဲ အစ်ကို့ကိုပြောပြသည်ကများသည်။ ဟိဏ်းဖတ်တဲ့စာအုပ်တွေအကြောင်းတွေကိုတော့ တခါတလေမှသာပြောတတ်သည်။
ဘာပဲဖြစ်ဖြစ်ဟိဏ်း အစ်ကို့အား ယုံကြည်အားကိုးလာသည်မှာအမှန်ဖြစ်သည်။ အစ်ကိုကတော့ ဘာတွေတွေးနေလဲမသိ။ အတွေးကမ္ဘာထဲ၌ရောက်နေလေ၏။
" အစ်ကို "
" ... "
' ဖြန်း '
" ဟင် ဘာလို့လဲ "
ဟိဏ်း၏ရိုက်ချက်ကြောင့် အစ်ကိုက အတွေးကမ္ဘာထဲမှ တိမ်စိုင်တွေသည် လေပြေတစ်ချက်အဝှေ့ ပျောက်ကွယ်သွားရသလို သတိပြန်ဝင်လာ၏။
" အစ်ကို ဘာတွေတွေးနေတာလဲ ကျွန်တော်ခေါ်တာကြာနေပြီ "
" ဘာမှမဟုတ်ပါဘူး၊ မိသားစု ကိစ္စပါ "
ထိုစကားကြောင့်ဟိဏ်းတွေဝေသွားသည်။ မိသားစုအဆင်မပြေတဲ့သူတွေကစိတ်အားငယ်တတ်ကျသည် မှာသဘာ၀ပင်ဖြစ်သောကြောင့် အစ်ကို့ကို အားပေးစကားပြောရန်သာပြင်လိုက်သည်။
BINABASA MO ANG
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...