EPISODE • 06 •

457 33 2
                                    

Episode • 06 •
Unicode Version

‌ဟိဏ်း ဒီ‌နေ့ အစ်ကိုနဲ့အပြင်သွားဖို့ချိန်းထားတာမလို့ မနက်စောစောထကာ ကြိုတင်ပြင်ဆင်ရလေသည်။ ကြိုတင်ပြင်ဆင်တယ် ဆိုပေမယ့် လည်း ဘာမှတော့မထူးခြားပါဘူး။ သွားမယ့်နေရာရောက်ရင် ရှာရမယ့်ဟာလေးတွေကို စဉ်းစားနေရုံသာ။

ဒီနေ့ကျမှ ရာသီဥတုက ဆိုးရွား‌နေပါလေရဲ့။ မနက်နိုးကတည်းက ရွာနေတဲ့မိုးက အခုထိမစဲသေး။ မိုးမစဲလည်းဟိဏ်း မတတ်နိုင်။ သွားရမယ့်နေရာကတော့ ကျိန်းသေသွားရမည်ဖြစ်သည်။

ဟိဏ်း ည‌ကတည်းကရွေးထားတဲ့ အဝါရောင်အင်္ကျီလေးနဲ့
အနက်ရောင်ဘောင်းဘီတို့ကို၀တ်ပြီး၊ AntiSocialSocialClub hoodie လေးကိုပါ ထုတ်လိုက်သည်။ ရာသီဥတုက အေးနေတာဆိုတော့ လိုအပ်ရင်၀တ်လို့ရအောင်ပြင်ဆင်လိုက်သည်။ အကုန်ပြင်ဆင်ပြီးတော့မှ မနက်စာကိုလည်း အစ်ကိုနဲ့အပြင်မှာ စားမည့်အကြောင်း မေမေ့ကိုပြောကာ ဧည့်ခန်းမှာပဲအစ်ကို့ကို ထိုင်စောင့်နေလိုက်သည်။

•••••

သော်ဝေအောင် မနက်၆နာရီအတိတွင်ထရန်အတွက် ညကတည်းက ထူးထူဆန်းဆန်းနာရီသံပတ်ပေးထားသည်။ နာရီသံ မြည်တာနဲ့ ချက်ချင်းပင်ထပိတ်ကာ ပြန်မအိပ်ပဲ ရေချိုးခန်းသို့တန်းသွားလိုက်သည်။ နိုးနိုးချင်းမျက်နှာအရင်သစ်ပြီးမှ ဒီနေ့ ရာသီဥတု အခြေအနေကို သတိထားမိသည်။ မိုး‌သားမိုးတိမ်‌တွေက အုံ့မှိုင်းနေပြီး တစ်ဖြောက်ဖြောက်ရွာနေသည့်အပြင် အေးစိမ့်နေကာ မိုးစဲမည့်လက္ခဏာမရှိ။

သို့သော်လည်း ဟိဏ်းနဲ့ သွားမယ့်နေရာက မိုးလုံလေလုံနေရာဖြစ်တာကြောင့်ကိစ္စမရှိ‌ချေ။ ဟိဏ်းကလည်း မိုးရွာနေလို့ မသွားတော့ဘူးလို့ပြောမယ့်လူမျိုးမှမဟုတ်တာ။ သော်ဝေအောင်နိုးတာနဲ့ မီးဖိုချောင်ကိုသွားကာ ထမင်းဘူးပြင်ရန် လုပ်လိုက်သည်။

" ငါ့မောင် ဒါ‌မျိုးကြ စောစောထသားပဲ "

သော်ဝေအောင် မီးဖိုချောင်ထဲရောက်တာနဲ့ အသင့်ကြိုရောက်နေတဲ့မမက ခနဲ့ကာပြောသည်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ညကတည်းက သူငယ်ချင်းနဲ့ သွားစရာရှိလို့ ထမင်းဘူးပြင်သွားချင်တယ်ဆိုပြီး မမကိုထမင်းလိပ်လုပ်နည်းပြောဖို့ အကူအညီတောင်းထားခြင်းဖြစ်၏။

Destiny or FateWhere stories live. Discover now