Episode 18
Unicode Versionအစ်ကိုနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွေ့ပြီးပြီမို့ ဒီရက်ပိုင်းအတွင်းမှာတော့ သိပ်မတွေ့ဖြစ်ပေ။ ဒီနေ့ကလည်း ၉လပိုင်းကုန်လည်းဖြစ်တာမို့ နောက်နေ့ဆိုရင်သီတင်းကျွတ်တောင်ရောက်တော့မည်ဖြစ်သည်။ ဂုဏ်မြင့်ဟိဏ်းတို့အတွက် ငွေဝင်ပေါက်ပေါ့။
သီတင်းကျွတ်ဆိုမှ ဟိဏ်းသတိရမိသည်။ အစ်ကို့ရဲ့အမေကအထည်ဆိုင်ဖွင့်တာဆိုတော့ ကြီးကြီးတို့အားလုံးအတွက် အထည်ကောင်းကောင်းလေးတွေ သွားဝယ်ဖို့ရန်စဉ်းစားမိ၏။
ဒီနေ့အတွက် စာလုပ်တာလည်း လုံလောက်သွားပြီမို့ အစ်ကို့ကိုဖုန်းဆက်လိုက်သည်။
" ဟယ်လို ... ဟိဏ်း "
" အစ်ကို့အမေရဲ့အထည်ဆိုင်က လမ်းမတော်ဘယ်နားလဲ "
" ဘာလို့လဲ ... ဟိဏ်းလာမလို့လား "
" ဟုတ်၊ အထည်လာဝယ်မလို့ "
" ဘယ်အချိန်လာမှာလဲ ဟိဏ်း "
အခုဘယ်အချိန်လဲတောင်မသိတဲ့ဟိဏ်းရဲ့အဖြစ်က အစ်ကိုမေးမှ Laptop ကနာရီကို ပြူးပြဲကြည့်ရသည်။ နာရီကြည့်လိုက်တော့ ၁၁ နာရီစွန်းစွန်းပဲရှိသေးတာမို့ အစ်ကို့ကို အိမ်ကထွက်လာမယ့်အချိန်ကိုပြောလိုက်သည်။
" အခုတော့ ရေမိုးချိုးရဦးမယ်၊ အိမ်ကနေ ၁၂နာရီကျော်ကျော်လောက်ထွက်ခဲ့မယ်လေ "
" ဟုတ်ပြီ ... ဟုတ်ပြီ၊ နေ့လယ်စာစားမလာနဲ့ဟိဏ်း၊ ဆိုင်ရောက်မှအတူတူစားရအောင် "
" ဟုတ်ကဲ့အစ်ကို၊ လိပ်စာပေးဦး "
" ကိုယ်လိပ်စာကို စာရိုက်ပို့ပေးလိုက်မယ် ဟိဏ်း၊ တက္ကစီငှားလာခဲ့ နေပူတယ်၊ အေးမယ့်အသားလေးဖြစ်ဖြစ်ဝတ်ခဲ့ "
" အင်းပါ ... အင်းပါ၊ သိပါတယ်၊ အဖေကြီးကြနေတာပဲ "
ဟိဏ်းပြောလိုက်တော့အစ်ကိုက ခုနကထက်ပုံမှန်ပြောနေကြစကားသံထက် တိုးသွားသည့်အသံဖြင့်ပြောလာသည်။
" အဖေကြီးတော့မဟုတ်ဘူး ဟိဏ်းရေ၊ ဟိဏ်းရဲ့အနာဂတ်ယောက်ျားကြီး "
" ဟောဗျာ ... စပြန်ပြီ "
" ချစ်လို့စတာပါကွာ၊ ရေချိုးတော့ရေချိုးတော့၊ ကိုယ်တို့စောင့်နေမယ် "
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...