Episode • 13 •
Unicode Versionကျောင်းပိတ်သွားပြီဖြစ်တာကြောင့် သော်ဝေအောင် အခုတလော လုပ်စရာမရှိအားယားနေသည်။ အပြင်သွားစရာကိစ္စလည်းမရှိသည့်အပြင် မာမီ့ရဲ့အထည်ဆိုင်ကိုလည်း မသွားချင်တာကြောင့် အိမ်မှာပဲ ဟိုလှိမ့်၊ ဒီလှိမ့်လုပ်ဖြစ်သည်။ ဒီနေတော့ ရှိုင်းရဲ့အိမ်ကိုသွားပြီး ဟိဏ်းဆီကိုသွားမည်ဟုစီစဉ်ထား၏။
ကျောင်းပိတ်ရက်တွေအများကြီးရှိသေးတာမို့ ဒယ်ဒီရဲ့စာကြည့်ခန်းထဲက ဖတ်လို့မပြီးသေးတဲ့ လျို့ဝှက်ဒိုင်ယာရီစာအုပ်တွေကိုတော့ နောက်နေ့မှဖတ်ရန် တွေးထားလိုက်သည်။
ထုံးစံအတိုင်း ရှိုင်းရဲ့အိမ်ကိုရောက်ရဲ့ ရှိုင်းရဲ့မိခင်ဖြစ်သူက စီးကြိုကာ တံခါးဖွင့်ပေးသည်။ ယခင်က စိမ်းစိုနေတဲ့ခြံကြီးထဲတွင် ပန်းအမျိုးအစား စုံလင်စွာရှိလှသော်လည်း အခုချိန်မှာတော့ စိမ်းစိုမှုများကင်းစင်ကာ ပန်းအိုးကလေးထဲရှိ ပန်းများမှာလည်း ခြောက်ကပ်ကပ်နှင့်ငြှိုးငယ်စွာရှိနေကြသည်။
" သား သူငယ်ချင်းက သားကိုမျှော်နေတာ "
" ကျွန်တော်လည်း လာမယ်လာမယ်နဲ့ မအားဖြစ်လို့ အန်တီရယ် "
တကယ်တော့ စာမေးပွဲကိစ္စတွေသာမက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါရောနှောပြီး ဟိဏ်းဆီကိုသာ စိတ်ရောက်နေတာကြောင့် ရှိုင်းဆီကိုလာဖို့ မေ့နေခြင်းဖြစ်သည်။ သူငယ်ချင်းကို မေ့နေတာစိတ်မကောင်းပေမယ့် တစ်ဖက်မှာလည်း ပျော်ရွှင်ရပြန်သည်။ စာမေးပွဲပြီးကာခဖြစ်တဲ့ လွန်ခဲ့တဲ့တစ်ပတ်က ဟိဏ်းနဲ့ပထမဆုံးအကြိမ် date ပြီးကတည်းက အပျော်လွန်ပြီး လောကကြီးနဲ့ခဏတာ အဆက်အသွယ်ပျက်နေခြင်းပင်။ အခုတော့စကားလှအောင်ကြည့်ကြပ်ပြောရသည်။
အိမ်ထဲရောက်တော့ သော်ဝေအောင်အပေါ်ထပ်ကရှိုင်းရဲ့ အခန်းဆီသို့သွားခါနီးတွင် အန်တီကမေးခွန်းမေးလာသည်။
" ဒါနဲ့လေ "
" ဟုတ်ကဲ့ ... အန်တီ "
" သား စန္ဒရားတီးတတ်လား "
" ဟင့်အင်း ... ကျွန်တော်မတီးတတ်ဘူးဗျ "
" ဪ ... အေးပါကွယ် "
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...