Episode 35
Unicode Versionသော်ဝေအောင်ပြောခဲ့တဲ့ ကိုယ့်ကလေးအလှည့်ကျရင် ဒီလိုပြောနိုင်မှာဟုတ်ဘူးဆိုတဲ့စကားအတိုင်းဖြစ်လာခဲ့၏။ ကလေးရှိတဲ့အိမ်တစ်အိမ်က ပစ္စည်းတစ်ခုချင်းဆီတိုင်းကိုအထားအသိုသေချာဂရုစိုက်ရတယ်ဆိုတာတကယ်ပါလား။ ဖုန်းအားသွင်းကြိုးကို မဖြုတ်ပဲတန်းလန်းထားခဲ့မိတဲ့အကျိုးဆက်က ဘာမှမသိတဲ့ကလေးတစ်ယောက်ရဲ့အသက်ပေးဆက်မှုတစ်ခု။
ဆေးရုံတောင်မရောက်ပဲ ရပ်ကွက်ဆရာဝန်ကိုယ်တိုင် အိမ်အထိရောက်လာခဲ့ပေမယ့် ကလေးအတွက်တော့နောက်ကျနှင့်သွားခဲ့ပြီ။
သေဆုံးသွားတဲ့ကလေးရဲ့ကိုယ်လေးကိုဖက်ကာရှိုက်ကြီးတငင်ငိုနေတဲ့ ကလေးအမေကို သော်ဝေအောင်နှစ်သိမ့်မပေးမိပါ။ ဟိဏ်းပြောသလိုပေါ့။ သတ္တဝါတစ်ခု ကံတစ်ခု။ သေကံပါလို့သေရတယ်ပဲမှတ်လိုက်ပါသည်။
လူတွေကတော့မှတ်ချက်ပေးကြပါလေရဲ့။ နမိတ်မကောင်းတဲ့အိမ်ဆိုပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ ဒီအိမ်ကထွက်လာတဲ့ခွေးတစ်ကောင်ကခြံရှေ့မှာပဲ ပွဲချင်းပြီးသေသွားရသလို။ ဒီနေ့ကြပြန်တော့လည်း အိမ်ရှင်ရဲ့ကလေးက ဓာတ်လိုက်ပြီးသေသွားရရှာတယ်တဲ့။ တကယ်တော့ အိမ်ကနမိတ်မကောင်းတာလား။ ပြောင်းလာတဲ့အိမ်ရှင်တွေကပြဿဒါးလားဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ။
နာရေးကိစ္စဘာညာကိုတော့ ရပ်ကွက်လူကြီးတွေကကူညီပေးမယ်ဆိုတာသော်ဝေအောင်သိတာနဲ့တစ်ပြိုင်နက် ကိုယ့်အိမ်ကိုသာပြန်သာခဲ့သည်။ အိမ်ရောက်ရင်တော့ ချော့စရာ ကောက်တေးလေးရှိနေသေးမလား။ သို့သော် သော်ဝေအောင်ထင်ထားသလိုဖြစ်မလာခဲ့ပါ။
အိမ်ပြန်ရောက်ရောက်ချင်း အိမ်တံခါးပိတ်ထားတာကြောင့်
ဟိဏ်းအပေါ်ထပ်ကအခန်းထဲမှာရှိနေလိမ့်မည်ဟုတွေးထားခဲ့ခြင်းဖြစ်၏။ အိမ်တံခါးကလည်း လော့ခ်မချထားတော့ အတွေးတွေမှန်နေတယ်ပဲထင်တာပေါ့။" ဟိဏ်း "
တကယ်တမ်းကျထင်ထားသလိုမဟုတ်ပဲ အိမ်အပေါ်ထပ်မှာသာမက အိမ်အောက်ထပ်မှာလည်းရှာမတွေ့ခဲ့ပေ။ ရှိသမျှရေချိုးခန်း၊ အိမ်သာတွေထဲအထိပါလိုက်ရှာကြည့်ခဲ့ပေမယ့် ဟိဏ်းကရှိမနေ။ ခေါင်မိုးထပ်အထိတက်ရှာခဲ့ပေမယ့် ရေတိုင်ကီအပြာကြီးနှစ်ခုအပြင် ဘာမှမရှိပဲရှင်းလင်းနေတဲ့ခေါင်မိုးထပ်ကလည်း မထူးမခြားနား။
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...