EPISODE • 21 •

289 25 7
                                    

Episode 21
Unicode Version

" ဒေါက် ဒေါက် "

‌ဂုဏ်မြင့်ဟိဏ်း အိပ်လို့ကောင်းနေတုန်း တံခါးခေါက်သံခပ်ပြင်းပြင်းကြောင့် နိုးလာလေသည်။ တံခါးသွားဖွင့်ပေးလိုက်တော့ သုတနိုင်ဖြစ်နေသည်မို့ အခန်းထဲဝင်ခိုင်းလိုက်ကာ ဟိဏ်းလည်း မွေ့ယာပေါ်ပြန်လှဲလိုက်သည်။

သုတနိုင် မနက်ကတည်းက ‌အခန်းထဲ အစ်ကိုသော်ဝေအောင်ကို မတွေ့လို့ စိတ်ပူနေတာပင်၊ အစ်ကိုသော်ဝေအောင်က ဟိဏ်းအခန်းထဲမှာ ‌‌အိပ်နေတာကြောင့် ဟိဏ်းရဲ့အခန်းထဲရောက်တော့မှပဲ စိတ်အေးရတော့သည်။

" ငါ့မှာတော့ မနက်ခင်းသတင်းကြားပြီး အစ်ကိုသော်ဝေအောင်ပျောက်နေလို့ စိတ်ပူနေတာ၊ မင်းတို့က အေးဆေးနှပ်နေတယ်ပေါ့၊ စာလေးဘာလေးတောင်မပို့ထားဘူး၊ ငါညက အခန်းတံခါးတောင်လော့ခ်မချပဲ အိပ်တာကွ "

" ညကနက်သွားလို့ မပို့လိုက်မိတာပါကွာ၊ သုသု‌လေးကလည်း စိတ်ကြီးပဲ "

" မင်းမေဘိုးအေကို သုသုလေးလား၊ ငါတစ်ခုခုဖြစ်သွားရင် မင်းတို့ကြောင့်ပဲ "

" အဟား ဟုတ်ပါပြီ သုသုလေးရယ် "

" သုသုလေးလုပ်မနေနဲ့၊ မင်း ဘာမှမသိသေးဘူးမလား "

ဟိဏ်းတကယ်ကိုပင်ဘာမှမသိတာမို့ မေးငေါ့ကာမေးလိုက်သည်။

" ဘာကိုလဲ "

" လူ‌တစ်ယောက်ရေနစ်သေလို့အပြင်မှာပွလောကိုရိုက်နေတာပဲ "

ဟိဏ်း စိတ်ထဲသိပ်မကောင်းပေမယ့်လည်း ကိုယ်နဲ့မဆိုင်တာမို့ သာမန်ကာလျှံကာသာ‌ သံယောင်လိုက်ပေးလိုက်သည်။

" ဪ ... ကြားရတာစိတ်မကောင်းစရာပဲ "

" အေး၊ စိတ်မကောင်းစရာက အခုမှလာမှာ "

ဟိဏ်း သုတနိုင်ကိုဘာမှပြန်မဖြေပဲ ပြန်မှေးနေလိုက်သည်။

" အဲဒီလူက ငါတို့ရဲ့ driver ဦးလေးပဲ၊ ငါတို့ရဲ့ driver ဦးလေး သေပြီ "

" ဟမ် "

ဟိဏ်း နားကြားမှားသွားသည်။ ဘယ့်နှယ့်လို့ နားကလည်း driver ဦးလေး‌သေတယ်လို့မှ ကြားရတယ်လို့။ မပြောကောင်းမဆိုကောင်း။

Destiny or FateWhere stories live. Discover now