Episode 32
Unicode Version" မိုင်လို! "
သော်ဝေအောင် ရေချိုးခန်းမှကထွက်ထွက်ချင်းမှာပဲ တက်နင်းမိတဲ့ ပျော့စိစိအရာကြောင့် အိမ်ကိုရောက်တာတစ်ပတ်တောင်မပြည့်သေးတဲ့ ခွေးသားရဲ့နာမည်ကိုအော်လိုက်မိသည်။
" ဘာလို့အရမ်းအော်နေတာလဲ ... မိုင်လိုလေးလန့်သွားပါဦးမယ်၊ သားသားမကြောက်နဲ့နော် ... ဖေဖေရှိတယ် "
မိုင်လိုဆိုတာ လွန်ခဲ့တဲ့သုံးရက်ကမှ သော်ဝေအောင်နဲ့ဟိဏ်းတို့နှစ်ယောက်ကိုယ်တိုင် ခွေးရောင်းတဲ့ဆိုင်မှာသွားဝယ်ထားသော ခွေးဖြစ်သည်။ ခွေးပုံစံက မျက်လုံးပြူးပြူးနဲ့ တစ်ကိုယ်လုံးအပြည့်အညိုရောင်တွန့်လိမ်ကောက်ကွေးနေတဲ့အမွေးတွေရှိနေတဲ့ ညိုညိုလုံးလုံးအကောင်။
အညိုရောင်လေးမို့လို့ဆိုပြီး ခွေးအဖေကခွေးနာမည်ကို မိုင်လို ဟူ၍ပေးထားလေ၏။ ခွေးအဖေကတော့ တခြားသူမဟုတ်ပါဘူး။ သော်ဝေအောင်ရဲ့ချစ်လှစွာသော ဂုဏ်မြင့်ဟိဏ်းပေါ့။ သူ့ကိုယ်သူ ဖေဖေ၊ ဖေဖေနဲ့ပြောနေတာကြားလို့ကိုမကောင်း။
ခွေးသားရော၊ ခွေးအဖေရော တစ်ချိုးတည်းပဲ။ ဒီအိမ်ကိုရောက်တာတစ်ပတ်တောင်မပြည့်သေးဘူး။ ဘယ်သူကအိမ်ရှင်၊ ဘယ်သူကဧည့်သည်လဲတောင်မသိတော့ပေ။
ခွေးသားကလည်းအပေါ့၊ အလေးစွန့်ဖို့အတွက် ခြံထဲမှာနေရာသေချာလုပ်ပေးထားတာကို လုပ်ပေးထားတဲ့မှာချီးမပါပဲ အိမ်အောက်ထပ်ကတွေ့ကရာနေရာမှာ ချီးပါသည်။ အခုလည်း ရေချိုးခန်းအရှေ့မှာ ချီးလာပါထားပြန်၏။
" ဘာလို့လဲ အစ်ကိုရဲ့ "
" ဟိဏ်းရဲ့သားဘာလုပ်ထားလဲသာကြည့်တော့ "
မိုင်လိုဆိုတဲ့ ခွေးသားကိုပွေ့ချီထားကာ အိမ်အနောက်ကိုရောက်လာတဲ့ဟိဏ်းကိုခြေထောက်သာမြှောက်ပြလိုက်သည်။ ဖိနပ်စီးထားလို့တော်သေးတာပေါ့။ ဖိနပ်မစီးထားရင်တော့ သော်ဝေအောင်ရဲ့ ဒေါသတွေအကုန်လုံးပေါက်ကွဲထွက်သွားနိုင်သည်။
" ဪ ... ဖေ့သားလေးက ဒီမှာအီးအီးပါထားတာပဲ၊ တောင်းပန်ပါတယ်လို့ ဦးဦးကိုပြောလိုက်နော် "
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...