Episode • 10 •
Unicode Versionအင်းယားလမ်းဘက်က ဦးမင်းညိုရဲ့ ခြံကြီးကတော့ ညမီးရောင်တွေနဲ့တောက်ပနေပြီးလင်းလက်နေသလို ပွဲရဲ့အဓိက မင်းသမီးဖြစ်တဲ့မွေးနေ့ရှင် နှောင်းဖူးညိုကလည်း မီးရောင်စုံနဲ့ အပြိုင် အနီရောင် lace dress ကိုတောက်ပကြော့ရှင်းစွာ၀တ်ဆင်ထားပြီး လှေကားမှဆင်းလာသည်။
မွေးနေ့ပွဲမှာရှိတဲ့ဧည့်သည်တွေရဲ့သုံးပုံနှစ်ပုံက ဦးမင်းညိုဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိလူကြီးမင်းတွေသာ ဖြစ်ပြီးကျန်တဲ့ တစ်ပုံကတော့ နှောင်းဖူးညိုရဲ့ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်းတွေသာ။
သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် နှောင်းရဲ့မွေးနေ့ပွဲလား။ ဦးမင်းညိုရဲ့ဧည့်ခံပွဲလားပင် မသဲကွဲချေ။
နှောင်းဖူးညိုနဲ့ နှောင်းဖူးညိုရဲ့ မိခင်ဖြစ်သူတို့ အိမ်ထဲက ထွက်လာတာနဲ့တစ်ပြိုင်နက် နှောင်းဖူးညိုအနားကို ဦးမင်းညိုက အပြုံးတစ်ခုဖြင့်ရောက်လာပြီးသူ၏မိတ်ဆွေများရှိရာ စားပွဲဝိုင်းသို့ ခေါ်သွားကာမိတ်ဆက်ပေးသည်။
ထို့သို့မိတ်ဆက်ပေးရင်း ခြံ၀သို့တစ်လှည့်လှည့်ဖြင့် တရေးတယူဖိတ်ထားသော လူတစ်စုကို မျှော်နေလေသည်။
ထို့နည်းတူနှောင်းဖူးညို၏မိခင်ကလည်း သူမစောင့်မျှော်နေခဲ့သည့်သူအား တွေ့ရန်ပွဲအတွင်း၌ သူမယောက်ျား၏အရိပ်အချေကိုလည်းကြည့်ကာ မသိမသာရော သိသိသာသာပါ ရှာနေလေ၏။
•••••
ဟိဏ်းနဲ့သုတနိုင် နှောင်းဖူးညိုရဲ့မွေးနေ့ပွဲကို ရောက်တာ ၁နာရီနီးပါးရှိနေပေမယ့်လည်း နှောင်းဖူးညိုက ဟိဏ်းတို့အနားကို ရောက်ဖို့နေနေသာသာသူမရဲ့ဖခင် အနား၌သာ အရိပ်အချေ ကြည့်၍ကျဥ်းကျပ်စွာနေနေရသည်။
ဟိဏ်းတစ်ယောက် နှောင်းဖူးညိုကိုကြည့်ရင်း စိတ်ထဲမကောင်း။နှောင်းဖူးညိုရော ဟိဏ်းရောရဲ့ဘ၀က ထိန်းချုပ်မှုအောက်မှာ နေနေရတဲ့ စက်ရုပ်တစ်ရုပ်သာသာပဲရှိသည်။ ဟိဏ်းက Myint Family ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်ဆိုရင် နှောင်းဖူးညိုကလည်း သူ့အဖေရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေသည်။ ဟိဏ်းကိုယ်တိုင်သာ လွတ်မြောက်နေတဲ့ငှက်ဆိုရင် နှောင်းဖူးညိုကိုလည်း လွတ်မြောက်အောင် လုပ်ပေးချင်ပါရဲ့။
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...