Episode 30
Unicode Versionအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်တယ်ဆိုတိုင်း အရာရာကို လျော့လျော့ပေါ့ပေါ့ တွေးတောပြီး လူတိုင်းကို တစ်မုတ်ချ ယုံကြည်နေလို့လည်းမရပေ။ ဘယ်အရာမဆို တစ်ပါးသူရဲ့ ပယောဂကြောင့် ဆုံးဖြတ်ခဲ့တယ်ပဲဆိုဆို ဟိဏ်းဆုံးဖြတ်ခဲ့သမျှက ဟိဏ်းကိုယ်တိုင် ဆုံးဖြတ်ကာမှတ်တမ်းတင်ထားတာမို့ အရာရာကို ဂရုစိုက်ရသည်။
ရက်တွေလတွေ အလီလီကူးပြောင်းရင်း ဟိဏ်းတို့ဒဂုံမှာ ခွဲဖွင့်ထားတာလည်း အချိန်တော်တော်ကိုကြာမြင့်ခဲ့လေပြီ။ အချိန်ကြာမြင့်လာသည်နှင့်အမျှလည်း ရောင်းဝယ်ရေးကအဆင်ပြေနေသည်။ ဟိဏ်းအတွက်တော့ ဟိဏ်းကိုယ်တိုင် လိုက်ရှာခဲ့ပြီး ဟိဏ်းကိုယ်တိုင်ဆုံးဖြတ်ချက်ချလက်မှတ်ထိုးကာ လုပ်ဆောင်ခဲ့သမျှအရာရာအားလုံးရဲ့ ရလဒ်တိုင်းကတန်ဖိုးအလွန်ကြီးမားသည်။
ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့စိုက်ခင်းတွေအားလုံး ကိုယ်တိုင်ရိတ်သိမ်းရတာမို့ ရလဒ်တိုင်းက ဟိဏ်းအတွက် အဖူးအပွင့်တွေချည်းပင်။ မလှပတဲ့အဖူးအပွင့်ပဲဖြစ်ဖြစ်၊ လှပတဲ့အဖူးအပွင့်ပဲဖြစ်ဖြစ် အရာရာဟာ ဟိဏ်းအတွက်တော့ အကောင်းဆုံးအဖူးအပွင့်တွေချည်းပင်ဖြစ်လေသည်။
ဟိဏ်းကိုယ်တိုင် ကိုယ်စားလှယ်အပ်နှံခဲ့တဲ့ ဒဂုံဘက်က ဆန်ဆိုင်ကလည်း လုံးဝမထင်ထားရလောက်အောင် အဆင်ပြေသည်။
'Ting'
'ကိုကို'
" ကျစ် "
ဆိုင်ခန်းကိစ္စဘာညာအားလုံးသာမက အခြားကိုယ်ရေးကိုယ်တာကိစ္စများလည်းအဆင်ပြေပြေရှိလှ၏။ အထူးသဖြင့် အစ်ကိုနဲ့ဟိဏ်းရဲ့ဆက်ဆံရေးကလည်း အဆင်ပြေနေပေမယ့် မပြေတာတစ်ခုကတော့ ဒီတစ်ယောက်ပေ။ တစ်ချိန်လုံး ကိုကို၊ ကိုကိုနဲ့ စာတွေလာပို့နေတဲ့ ကောင်မလေးက ဟိဏ်းအတွက်တော့ စိတ်ညစ်စရာတစ်ခုဖြစ်နေသည်။
သာမန်အနှောင့်အယှက်သာဆိုရင် စာလာပို့နေရုံနဲ့ block လိုက်ရင် အကုန်ကိစ္စပြတ်နေပြီဖြစ်သည်။ သို့သော်လည်း အခုကကျတော့ Myint Family မိသားစုနဲ့ပတ်သတ်နေတာကြောင့် ဟိဏ်းသေချာသတိထားကာ စုံစမ်းဖို့လိုအပ်နေတာကြောင့် ခဏတာသည်းခံနေခြင်းပင်။
YOU ARE READING
Destiny or Fate
Romanceကုန်ဆုံးခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်လုံး ... စီမံရာ ၊ ကံတရားအတိုင်းနေခဲ့ပြီးပြီမို့ ... ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတော့ ... ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ရန်အတွက် ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတော့မည် ... Note: seke ပါ၊ role ကိုအတည်အကျဘာမှမခွဲထားပါဘူး၊ matur...