EPISODE • 19 •

302 28 5
                                    

Episode 19
Unicode Version

Laptop မှာစာကြည့်ရင်းညောင်းလာတာမို့ ဟိဏ်း မွေ့ယာပေါ်တွင်လှဲနေတုန်း discord မှအစ်ကို့ရဲ့အသံထွက်လာသည်။

" ဟိဏ်း "

" ဟိဏ်း အနားမှာမရှိဘူးလား "

အစ်ကို့ရဲ့အသံကြားတာမို့ ဟိဏ်းလှဲနေရာမှထကာ စားပွဲကိုပြန်သွားပြီး စကားပြောလိုက်သည်။

" ဗျာ "

" ဪ ... ရောက်လာပြီလား၊ အောက်ဆင်းသွားတာလား "

" မဟုတ်ဘူးအစ်ကို၊ ကျွန်တော်လှဲနေလို့၊ ဘာပြောမလို့လဲ၊ ပြောလို့ရတယ်နော် "

" ကျောင်းပိတ်တုန်းလေး ကိုယ်တို့ခရီးထွက်ကြမလားလို့ "

" ဘယ်ကိုလဲ "

" အရမ်းမဝေးတဲ့နေရာမျိုးပေါ့၊ ကမ်းခြေတစ်ခုခုပေါ့ "

" သွားမယ်လေ၊ မမကိုပါခေါ်လိုက် "

" ဟုတ်ပြီ၊ ကိုယ်မမကိုလိုက်မလားမေးလိုက်ဦးမယ် "

အစ်ကိုနဲ့ဟိဏ်းရဲ့‌ နှစ်ဦးဆိုင်ရပ်ဝန်းလေးတစ်ခုဖြစ်တဲ့ discord channel ထဲမှာစကားပြောနေကြပင်ဖြစ်သည်။ နှစ်ယောက်ထဲ အစ်ကိုနဲ့ဟိဏ်း နေ့တိုင်း discord ထဲဝင်ထားကြသည်။ အိမ်မှာရှိတဲ့အချိန်တိုင်း ဖုန်းဖြစ်ဖြစ် laptop ဖြစ်ဖြစ်၊ device တစ်မျိုးမျိုးနဲ့ discord ဝင်ထားလိုက်တာနဲ့ အစ်ကိုနဲ့စကားပြောလို့ရတာမို့ တစ်ခုခုဆို mic ဖွင့်ပြီးပြောလိုက်တာနဲ့အဆင်ပြေနေသည်။

" ဟုတ်၊ ကျွန်တော်ကြီးနှစ်ကိုကားစီစဉ်ခိုင်းလိုက်မယ် "

" ဟမ် ဆန်ပို့တဲ့ကားနဲ့သွားမှာလား "

" ဟာဗျာ ... ဆန်ပို့တဲ့ကားနဲ့တော့သွားမလားဗျ၊ ကြီးနှစ်ရဲ့ယောက်ျားကို အစ်ကိုမြင်ဖူးလား၊ မြင်ဖူးမယ်ထင်တယ်၊ နှောင်းဖူးညိုရဲ့မွေးနေ့တုန်းက ဘဘပါတယ်လေ "

" အင်း၊ ကိုယ်မှတ်မိတယ်၊ စကားပြောတာခပ်အေးအေးနဲ့ဦးလေးမလား "

" ဟုတ်တယ်၊ ဘဘက ဆောက်လုပ်ရေးကုမ္ပဏီပိုင်တာလေ "

" ဟိဏ်းတို့မိသားစုတွေက နယ်နယ်ရရတော့မဟုတ်ပါလား "

အစ်ကိုတော့ မမြင်လောက်ပေမယ့် ဟိဏ်းကတော့ ဂုတ်ပိုးလေးကိုပွတ်လိုက်မိသည်။ အဲတာကြောင့် ဟိဏ်းရဲ့အမျိုးတွေအကြောင်း လူတကာကို သိပ်မပြောချင်တာပေါ့။ တစ်ခုခုဆို အံ့ဩနေကြတာကိုက ရှက်စရာကောင်းသည်။

Destiny or FateWhere stories live. Discover now