Unicode👇
" မိုး ရေ...... သူမ ကို မင်းအတန်းကိုပို့ရမယ်ကွာ ဘာကြောင့်ဆို တို့ ဒီဘက်မှာ အငယ်တန်း၄တန်း ကလေးရယ်လို့ သူမ တစ်ယောက်ဘဲ ရှိတာကြောင့်ကော ကျန်လူတွေက အထက်တန်းကလေး တွေဆိုတော့လေ မင်းနဲ့အဆင်ပြေမယ်ထင်တာကြောင့် မင်းယူဖို့ အဆင်ပြေမယ်မလား မိုး "
" အဆင်ပြေပါတယ် မဧကရီ ရဲ့....မိုး ယူမယ်လေ ဒါနဲ့ကလေးမက ၄တန်းနော် ဒီဘက်လေးလှည့်ပါအူး"
_______________________________________
_____ ကျွန်မ ၄တန်းကျောင်းသူ အရွယ်လေးမှာ မိသားစု အိမ်ပြောင်းရွှေ့မှုနဲ့ငယ်ငယ်မူကြိုထဲကတက်လာရတဲ့ ဆရာမလေး ဆီကနေ ပြောင်းရွှေ့လာရတဲ့အိမ်နဲ့ နီးတဲ့ စာသင်ဝိုင်းလေးတခုမှာ ဆရာသစ်တွေနဲ့ သူငယ်ချင်းသစ်တွေနဲ့စာသင်ရမယ်လို့ မေမေနဲ့ဖွားဖွားက ပြောလို့ ကျွန်မ အိမ်အနီးကစာသင်ဝိုင်းလေးဆီရောက်လာရတယ် စိတ်ထဲတော့ ငယ်ငယ်ထဲက သင်လာရတဲ့ ဆရာမနဲ့ သူငယ်ချင်း ဟောင်းတွေကို လွမ်းရင်းပေါ့ ...စာသင်ဝိုင်းလေးက နာမည်အရမ်းကြီးပြီး ဆရာမတွေကအသင်ပြအရမ်းကောင်းတာတဲ့ အဲ့စာသင်ဝိုင်းထွက် ကျောင်းသူကျောင်းသားတွေဆို အမှတ်ကောင်း ဂုဏ်ထူးတန်းဝင်တွေဘဲ ဆိုပြီးလည်းကျော်ကြားတယ် စာသင်ဝိုင်းလေးမှာ မနက်ပိုင်း အငယ်တန်းလေးတွေရှိတယ် ညနေဘက် ညပိုင်းတွေဆို အလယ်တန်းနဲ့ အထက်တန်း ၉တန်းထိ ရှိတယ် အငယ်တန်း လေးတွေကို တီချယ် ဧကရီ ဆိုတဲ့ တီချယ်ကြီး(စာသင်ဝိုင်း ဆရာမအုပ်ကြီး) ကသင်ပေးတယ် အလယ်တန်း၈တန်းထိကို တီချယ်မိုး နဲ့ တီချယ်ပန်းသွန်း ဆိုတဲ့ ဆရာမ၂ယောက်တစ်ယောက်စီ ကျောင်းအလိုက်ခွဲယူ သင်ပေးရသလို အထက်တန်းဖြစ်တဲ့၉တန်း ကိုကြတော့ တီချယ်ဆူးခက်နွယ်(နွယ်) ဆိုတဲ့ ဆရာမ နဲ့ တီချယ်ကြီးဆိုတဲ့ တီချယ်ဧကရီ က သင်ပေးကြရတယ် ဒီလို ကျွန်မ စာသင်ဝိုင်းလေးတို့ခြေချကာမှာဘဲ ၄တန်းဆိုတဲ့ကျွန်မ ကို တီချယ်ဧကရီ က စာစသင်ပေးလေတယ် တီချယ် ဧကရီ အတန်းမှာလည်း အငယ်တန်းမူလတန်းလေးတွေ များပြားလွန်းလှနေလေတယ်လေ ____________________

ESTÁS LEYENDO
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...