Unicode *4*

214 34 0
                                    

D.O.'s P.O.V

'' အဆင်ပြေလား..ဆေးပေးခန်းမသွားလို့ရလား ''

အိမ်သာထဲကနေ ထွက်လာတဲ့ ကျနော့်ကို ကြည့်ကာ ပြာပြာသလဲဖြစ်နေတဲ့ Chanyeol အမူအရာက ရယ်ချင်စရာ ၊၊

'' အစာမကြေလို့နေမယ်...ဘာမှမဖြစ်ဘူး ''

ဟိုကောင်မလေး ( ကျနော် သူမနာမည်ကို တမင်မေ့ပစ်ထားသည် ) ကျနော်တို့ စားပွဲဝိုင်းက ထွက်သွားတာနဲ့ ပျို့တက်လာတဲ့ ခံစားချက်နဲ့အတူ စားထားသမျှ အစာတွေအကုန်လုံး ပြန်အန်ထွက်ကုန်သည် ၊၊ အစာမကြေတာထက် စားနေရင်း နင်သွားတာဆို ပိုမှန်လိမ့်မယ် ၊၊ ဒါမှမဟုတ်... သူမရဲ့ ရေမွှေးနံ့နဲ့ စကားသံတွေက ကျနော့်အတွက်တော့ အော်ဂလီဆန်စရာ ဖြစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ၊၊

'' မင်း အတန်းတက်ဦးမှာလား ''

'' အင်း ... ငါ tutorial ရှိတယ် ''

Chanyeol ကမ်းပေးတဲ့ ရေဘူးကိုယူကာ လှည့်ထွက်မယ်လုပ်တော့ ကျနော်တို့ရှေ့မှာ ရပ်နေသူက Baekhyun ၊၊ သူ့ရဲ့အကြည့်တွေက ကျနော့်ကျောပေါ်က Chanyeol ရဲ့ လက်မှာ ၊၊ မျက်မှောင်ကိုကျုံ့လျက်နဲ့ Baekhyun က ကျနော်တို့ ဘေးမှ ခပ်တည်တည်နဲ့ပင် ဖြတ်လျှောက်သွား၏ ၊၊

'' သွားရအောင် ... ''

ဘေးနားမှ Chanyeol ရဲ့ ဖျော့တော့တော့ အသံကြားမှ ကျနော်လည်း ထိုနေရာမှ ဆက်လျှောက်မိတယ် ၊၊ သို့သော် ... နှုတ်ခမ်းကတော့ ပြုံးမိနေ၏ ၊၊ ကျနော် တွေ့လိုက်တယ်လေ ... Baekhyun ရဲ့လက်ထဲက ဆေးထုတ်ကို ၊၊

>>>>>>>>>>

'' Hyung ဘယ်သွားမလို့လဲ ''

ကားပေါ်ရောက်တာနဲ့ ဘယ်သွားမယ်ဆိုတာ မပြောတဲ့ Hyung က ကျနော် မေးလိုက်တိုင်း ရယ်လို့သာ နေသည် ၊၊

'' ကျနော် ဗိုက်ဆာနေပြီ .... ''

မနက်စာကော နေ့လည်စာကော ဗိုက်ထဲမှာ မရှိတော့တဲ့ အခြေအနေမို့ တော်တော် ဆာနေပြီ ၊၊

'' ခဏလေး သည်းခံလိုက်ဦးနော်...ကောင်လေး ''

သည်းမခံလို့မရတဲ့ အခြေအနေရောက်အောင် လုပ်ထားပြီးတော့မှ ပြုံးရယ်ပြနေတဲ့ ထိုလူကြီးကို ကျနော် အမြင်ကတ်လိုက်တာ ၊၊ အဲ့လို ပြုံးနေလို့လည်း ကောင်မလေးတွေက ကြိုက်နေကြတာ ၊၊ တွေးလိုက်တာနဲ့တင် နေ့လည်က အဖြစ်အပျက်ကို ပြန်စဉ်းစားမိပြီး အန်ချင်လာသည် ၊၊

အကယ်၍ (Zawgyi+Unicode)Where stories live. Discover now