D.O.'s P.O.V
ချစ်သည် ၊၊
ကျနော် ... သူ့ကို ချစ်သည် ၊၊
ကျနော့်လက်ကို ဆုတ်ကိုင်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ... သူ့ကို ... ချစ်သည် ၊၊
ကျနော့်အနမ်းကို လက်ခံဖို့ နှောင့်နှေးတတ်တဲ့ ... သူ့ကို ... ချစ်သည် ၊၊
ကျနော့် ခံစားချက်ကို အလေးမထားခဲ့တဲ့ ...
သူ့ကို ... ချစ်သည် ၊၊ကျနော့်ထက် ပတ်ဝန်းကျင်ကို ပိုအလေးထားတဲ့ ...
သူ့ကို ... ချစ်သည် ၊၊ကျနော့်ရှေ့မှာ မိန်းကလေးတစ်ယောက်နဲ့ တွဲခဲ့တဲ့... သူ့ကို ချစ်သည် ၊၊
ကျနော့်ရှေ့မှာ ထိုမိန်းကလေးလက်ကို ဆုတ်ကိုင်ခဲ့တဲ့ ... သူ့ကို ... ချစ်သည် ၊၊
ကျနော့်အပေါ် သစ္စာမရှိတဲ့ ... သူ့ကို ... ချစ်သည် ၊၊
ကျနော့်ကို နာကျင်စေခဲ့တဲ့ ... သူ့ကို ... ချစ်သည် ၊၊
ကျနော့်ကို မချစ်ခဲ့တဲ့ ... သူ့ကို ... ချစ်သည် ၊၊
ရူးပါတယ်ပဲ ဆိုဆို ... သူ အပြစ်လုပ်ထားတာတောင် ကျနော်ဟာ ချစ်နေမယ့် သူ ၊၊
ဒါပေမဲ့ .... သူ့ အနားမှာ ဆက်ရှိနေဖို့ဆိုတာ မဖြစ်နိုင်တော့ ၊၊
ကျနော်နဲ့ သူကြားမှာ မိုင်ပေါင်းထောင်ချီ အကွာအဝေးတွေ ခြားသွားပြီ ၊၊
ကျနော်နဲ့ သူကြားမှာ စည်းတွေ ခြားသွားပြီ ၊၊
ကျနော် တွေးခဲ့တာ ... ထင်ထားခဲ့တာက
သူ့ဘေးနားက ထွက်ခွာရတဲ့တစ်နေ့ ... ကျနော့် ဘဝဟာ ရှင်လျက်နဲ့ သေမယ့်နေ့လို့ ၊၊တကယ်တမ်း လက်တွေ့မှာတော့ ကျနော့် အတွေးတွေနဲ့ တခြားစီဖြစ်ခဲ့သည် ၊၊
နာကျင်မှုထက် ... နာကျည်းမှုက ပိုများခဲ့လို့လား မသိ ၊၊
နေတတ်ခဲ့သည် ၊၊
သူမရှိတဲ့ ဘဝမှာ ကျနော် လွယ်ကူစွာပင် နေသားကျခဲ့သည် ၊၊
>>>>>>>
အိမ်ကထွက်လာပြီးတဲ့ နောက်ပိုင်း ကျနော် Chanyeol အိမ်မှာပဲ နေဖြစ်ခဲ့သည် ၊၊
အမှန်တော့ ... အခန်းတစ်ခန်းလောက် ငှားနေမယ် စိတ်ကူးမိပေမယ့် Chanyeol ရဲ့ အမိန့်ကြောင့် သူ့အိမ်မှာပဲ သောင်တင်သွားတော့သည် ၊၊