*11*

4.2K 469 35
                                        

D.O.'s P.O.V

ခင်ဗျားရယ် ....

ကိုယ့်အလှည့်ကျတော့ ....

နာတတ်လိုက်တာ ....

>>>>>>>

အိပ်ယာကနိုးလာတာနဲ့ မျက်စိရှေ့မှာ စီးကြိုနေတာက ချစ်သူရဲ့ မျက်နှာ ၊၊

ရှုတ်ပွနေတဲ့ ဆံပင်တွေက ဟိုတစ်စ ဒီတစ်စနဲ့ သူ့နဖူးပေါ်မှာ နေရာယူထားတယ် ၊၊

နှုတ်ခမ်းထူထူ တစ်စုံကို မျက်စိရောက်ချိန်မှာတော့ ..... ကျနော့် ပါးနှစ်ဖက်ဟာ ထူပူသွား၏ ၊၊

အဝတ်အစားမရှိတဲ့ သူနဲ့ ကျနော်ရဲ့ ကိုယ်ပေါ်ကို စောင်ပါးလေးတစ်ထည်က လွှားထားတာကို သိလိုက်ချိန် ... ကျနော်ဟာ လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ထားမိလိုက်သည် ၊၊ 

အတွေးနဲ့တင် ရဲတက်လာတဲ့ ပါးရယ် ...
ရုတ်တရက်ကြီး ပူလာတဲ့ အခန်းအပူချိန်ရယ် ...
တစ်ဆက်တည်းမှာပင် ... ပေါက်ထွက်မတတ်ခုန်နေတဲ့ နှလုံးသားရယ် ၊၊

ပထမဆုံးအကြိမ်လည်း မဟုတ်ပါပဲနဲ့ ... အကြိမ်ကြိမ် နီးစပ်ခဲ့ပြီးတာမှန်ပေမယ့် ရင်ခုန်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကကျ ပြောင်းသွားတယ်လို့မရှိ၊၊

'' နိုးနေပြီလား ... ''

အိပ်ရာကထထချင်းဖြစ်၍ အက်ရှရှဖြစ်နေတဲ့ သူ့အသံဟာ ကျနော့်ရဲ့ လက်ရှိအခြေအနေကို ပိုလို့တောင် ဆိုးစေသည် ၊၊

ဒီကြားထဲ ကျနော့်ဘက်လှည့်ကာ တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်လိုက်တော့ ... ဒီလူမှ မရူးရင် ဘယ်သူ ရူးမည်လဲ ၊၊

သူ့ရင်ဘတ်နဲ့ ထိတွေ့နေတဲ့ ကျနော့် လက်ချောင်းထိပ်တွေကနေတစ်ဆင့် တစ်ကိုယ်လုံးကို အနွေးဓာတ်တွေစီးဆင်းနေသလို၊၊

သူ့ရင်ခွင်ထဲကနေ မော့ကြည့်တော့ သူက မျက်လုံးကို မှိတ်ကာ ကျနော့်နဖူးမှာ သူ့နှုတ်ခမ်းကို ဖွဖွလေး ထိထားသည် ၊၊

ခြောက်သွေ့လာတဲ့ နှုတ်ခမ်းတစ်စုံကို သက်သာလို သက်သာငြား လျှာနဲ့ သတ်လိုက်သော်လည်း ... အကူအညီမဖြစ် ၊၊

အကယျ၍ (Zawgyi+Unicode)Место, где живут истории. Откройте их для себя