Unicode *13*

217 33 3
                                    

ဒီပွဲမှာ .... ခင်ဗျား မမှားဘူး ၊၊

ခင်ဗျား(ကြယ်)ကို မော့ကြည့်မိတဲ့

အညတရကောင်ကသာ မှားတာ ၊၊

D.O.'s P.O.V

'' Hyung...ကျနော် ကုမ္ပဏီရှေ့ရောက်နေပြီ ''

'' အင်း ... Hyung အခုလာခဲ့မယ် ''

End Call ဖြစ်သွားတဲ့ ဖုန်းကို ဘောင်းဘီ အိတ်ကပ်ထဲထည့်ကာ ... Company ရှေ့က အလှဆင်ထားတဲ့အုတ်ခုံမှာ ဝင်ထိုင်လိုက်သည် ၊၊

လက်ထဲက File တွဲကို တစ်ချက်ပြန်စစ်ရသေးသည် ၊၊ စာချုပ်ချုပ်ရမယ့်သူက စာချုပ်မေ့ကျန်ခဲ့တယ်ဆို၍ ကျနော့်မှာ လာပေးရသည် ၊၊ တော်သေးတာပေါ့ ... ကျောင်းပိတ်ရက်ဖြစ်နေလို့ ၊၊

Hyung ရဲ့ Company ကိုလာရင် ဘယ်တော့မှ အထဲမဝင်တတ်တာ ကျနော့်အကျင့် ၊၊ မသက်ဆိုင်တာကြောင့်လည်း ပါသည် ၊၊ အဓိက ကတော့ ကျနော်သွားလိုက်တာနဲ့ CEO ရဲ့ညီဆိုပြီး အပေါ်ယံဝိုင်းပြီး ဆက်ဆံကြတဲ့ လူတစ်စုနဲ့ မတွေ့ချင်တာကြောင့်ဖြစ်သည် ၊၊

လူတွေက ကျနော့ကို သူ့ရဲ့ညီလေး ဆိုပြီး လာနှုတ်ဆက်တိုင်း ဟန်ဆောင်ပေးရတာကို ကျနော် မုန်းသည် ၊၊ သို့သော် ... အမှန်တရားဖြစ်နေ၍ ရှောင်ဖယ်လို့လည်း မရပြန်၊၊

'' Kyungsoo ssi ... ဒီမှာ ဘာလုပ်နေတာလဲ ''

Hyung ရဲ့ အတွင်းရေးမှုးလည်းဖြစ် ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ Taemin Hyung က ကျနော့်ကို မြင်တာနဲ့ အပြေးလာကာ နှုတ်ဆက်သည် ၊၊

'' Annyeong haseyo ... hyung ''

'' ဒီမှာ ဘာလုပ်နေတာလဲ ၊၊ အထဲဝင်လေ ''

'' ရတယ် ... ကျနော် File လာပေးတာ ... မဝင်တော့ဘူး Hyung ''

'' လာပါ ... Lobby ထဲမှာ ထိုင်စောင့် ''

ဒီလိုနဲ့ပဲ ကျနော်လည်း Taemin Hyung ခေါ်ရာနောက်ကို ပါသွားသည် ၊၊

'' Jongin ကအလုပ်ရှုပ်နေတော့ ကြာဦးမယ် ''

'' nae ... ''

'' အမှန်တော့ Kyungsoo ကို တွေ့ချင်နေတာ ''

ကော်ဖီသောက်ရင်းနဲ့ စကားစလာတဲ့ သူကြောင့် ကျနော် ကြောင်သွားသည် ၊၊ Taemin Hyung နဲ့ကျနော်နဲ့က တစ်နှစ်နေမှ ၅ ခါတောင် ပြည့်အောင် တွေ့ရတာမဟုတ် ... သူနဲ့ ကျနော် ကြားထဲမှာ ပြောစရာ စကားဆိုတာ နေကောင်းလား ဆိုတာကလွဲ၍ မရှိတဲ့ ဆက်ဆံရေးမျိုး ၊၊

အကယ်၍ (Zawgyi+Unicode)Dove le storie prendono vita. Scoprilo ora