D.O.'s P.O.V
'' ကောင်လေး ... ''
'' ကောင်လေး .... ''
သူ့ရှေ့ကနေလှည့်ထွက်ကာ အခန်းထဲဝင်လာတဲ့ ကျနော့်နောက်ကို လိုက်ပြီး တောက်လျှောက် ခေါ်နေတဲ့ သူ ... ၊၊
ကျနော် လှည့်မကြည့်ချင် ၊၊
ဂရုမစိုက်ချင်တော့ ၊၊
'' ကောင်လေး ... hyung တောင်းပန်ပါတယ် ''
'' Hyung မှားသွားတယ် ... ကောင်လေးဘက်ကို မတွေးဘဲ Hyung စိတ်ထင်တဲ့အတိုင်း လုပ်မိလိုက်တယ် ... ''
သူ့ကို ကျောခိုင်းထားသော ကျနော် ... ဖြစ်နိုင်ရင် သူနဲ့ မျက်နှာချင်းဆိုင်ရပ်ကာ စိတ်ရှိလက်ရှိ ဆွဲထိုးပစ်ချင်မိတယ် ၊၊ အတွေးထဲမှာသာ ပြောရဲတာ... လက်တွေ့ကျရင် သူ့မျက်လုံးတွေမြင်တာနဲ့ အရင်ကျရှုံးသူက ကျနော် မဟုတ်လား ၊၊
'' Hyung ကို အချိန်နည်းနည်းတော့ပေးစေချင်တယ် ၊၊ မိန်းကလေး တစ်ယောက်ကို အခုတွဲ အခုဖြတ် ဖို့က လွယ်မှမလွယ်တာ .... နော် ၊၊ ကောင်လေး စိတ်ကျေနပ်ဖို့ Hyung အကုန်လုပ်ပေးမယ် ... နော် ကောင်လေး ... ''
လုပ်ချင်တာတွေလုပ်ပြီးမှ ပြန်တောင်းပန်တတ်တာ သူ့အကျင့် ၊၊ သူတောင်းပန်တိုင်း ခွင့်လွှတ်ပေးတတ်တာ ကျနော့်အကျင့် ၊၊
ဒါပေမဲ့ ဒီတစ်ခေါက် ကိစ္စက လွယ်လွယ်လေး တောင်းပန်လိုက်ရုံနဲ့ အဆုံးသတ်သွားမယ့် အရာမျိုးမှ မဟုတ်တာ ၊၊
ဘာမှမဖြစ်ခဲ့သလို နေနိုင်ဖို့ဆိုတာလည်း ခက်ခဲတယ် ၊၊ အမှန်အတိုင်း ပြောရရင် ကောင်မလေးတစ်ယောက်နဲ့ တွဲနေတဲ့ သူ့ရဲ့ အပြုအမူထက် ... ရှေ့ဆက် ဘယ်လိုရင်ဆိုင် ရမယ်ဆိုတာက ကျနော့်ခေါင်းထဲမှာ သံမှိုလို ဆွဲနေသည် ၊၊
အခုတောင် ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ သူ ... အနာဂတ်မှာကော ကျနော့လက်ကို တွဲနိုင်ဖို့ ယုံကြည်ချက်ရှိလာမှာတဲ့လား ၊၊
ပြီးတော့ .... သူ့ရဲ့ဘဝဟာ ကျနော့်လို ရိုးရှင်းနေတာမျိုးမဟုတ် ၊၊ သူ့အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်မှာ သူဟာ အောင်မြင်နေတဲ့ လူငယ်တစ်ယောက် ၊၊
ကျနော့်ကြောင့်နဲ့ သူ အခက်တွေ့နေတာလား ဆိုတဲ့ မေးခွန်းက ကျနော့်အတွေးတွေကို မွန်းကျပ်စေတယ် ၊၊