D.O.'s P.O.V
ဂရုစိုက်မှုတွေဟာ ... ရွံစရာကောင်းလာတယ်
စိုးရိမ်မှုတွေကျတော့...ကြောက်စရာကောင်းတယ်
စကားတွေက ... အလိမ်အညာဆန်လာပြီး ....
အပြုအမူတွေက ... အရောင်တွေရောလာတယ်
ဒါပေမယ့် ....
အချစ်တွေကျတော့ ....
လျော့ရကောင်းမှန်း မသိဘူးထင်ရဲ့ ၊၊
>>>>>>
'' ဘာပြောလိုက်တယ် ... ''
'' ကို..မင်းနဲ့ ဆက်မတွဲနိုင်တော့ဘူး ''
ကားရှေ့ခန်းမှာ ထိုင်ကာ ... အနောက်မှာရှိတဲ့ကျနော့်ကိုတစ်လှည့် ... ဘေးနားမှာထိုင်နေတဲ့ Hyung ကိုတစ်လှည့်ကြည့်ရင်း အံ့ဩမှုတွေ မဆုံးဖြစ်နေတဲ့ ကောင်မလေးကို ရင်မဆိုင်ရဲ၍ ကျနော် ခေါင်းငုံ့ထားလိုက်သည် ၊၊
'' ဘာလို့လဲ ''
တုန်ရီနေတဲ့ ကောင်မလေးရဲ့ စကားသံတွေကြားပြန်တော့ အောက်နှုတ်ခမ်းကိုဖိကိုက်ကာ မျက်လုံးကို စုံမှိတ်ထားလိုက်သည် ၊၊
ထိုအခိုက် Hyung ဆီက တောက်ခေါက်သံကို ကြားလိုက်ရသည် ၊၊
'' မတွဲနိုင်တော့လို့ပေါ့!!! မင်းတို့ မိန်းကလေးတွေက အဲ့ဒါပဲ ၊၊ ပြောလိုက်ရင် မျက်ရည်လေးစမ်းစမ်းနဲ့ ... ၊၊ တွဲတိုင်း မြဲမယ်များ ထင်နေကြလားမသိဘူး ''
Hyung ရဲ့ စကားအဆုံးမှာ ကြားထဲကကျနော်ဟာ အားနာလို့မဆုံး ၊၊ အပြစ်လည်းမရှိပါပဲနဲ့ ..ကာယကံရှင်လည်း မဟုတ်ပါပဲနဲ့ ဒီအခြေအနေကြီးကိုမလိုလား ၊၊
ကျနော့်ရှေ့မှာ လမ်းခွဲပေးဖို့ တောင်းဆိုမိတာ မှန်ပေမယ့် တကယ်တမ်းကျတော့ ထိုကောင်မလေးကို သနားမိသလို ... မျက်လုံးချင်တောင် မဆုံရဲတော့ ၊၊
'' ကောင်းပြီလေ ... လမ်းခွဲတာပေါ့ ''
ထိုကောင်မလေးကတော့ Hyung ကို မသတီတဲ့ မျက်လုံးတွေနဲ့ ကြည့်သွားကာ ကားပေါ်ကနေ ချက်ချင်းဆင်းသွားသည် ၊၊
'' ရပြီမလား ''
'' ဟမ် ... ?? ''
'' မင်းလိုချင်သလို ဖြစ်ပြီလေ ''