Unicode *21*

332 35 4
                                        

သူမပါးပေါ်က

မင်းနှုတ်ခမ်းဟာ

ငါ့အသက်ဇီဝိန်ကို

ခြွေသွားတယ်..ချစ်သူ

D.O.'s P.O.V

'' Kyungsoo ah~မတွေ့ရတာတောင်ကြာပြီ''

Hotel အပေါက်ဝကိုရောက်တာနဲ့ Taemin Hyung ရဲ့ အပြုံးကို စတွေ့လိုက်ရသည်၊၊

'' မင်း Hyung ကတော့ ရောက်ကတည်းက အခန်းထဲကကို မထွက်သေးဘူး ''

Taemin Hyung ရဲ့စကားကို အပြုံးနဲ့သာ တုံ့ပြန်လိုက်သည် ၊၊ Hyung ကကျနော့် ပုခုံးကို ဖက်ကာ အဝတ်အစားလဲခန်းတွေဘက်ကို ခေါ်လာသည် ၊၊

'' သတို့သမီးဘက်က မိဘတွေကော ''

အစဉ်အလာအရဆို အရှေ့မှာ Kim Jongin ကော မိဘတွေကော ဧည့်သည်တွေကို ထွက်ကြိုနေရမှာဆိုပေမယ့် အခုတော့ ဘယ်သူ့ကိုမှ မတွေ့ရ ၊၊

'' သူ့သမီး အခန်းထဲမှာ ... ''

'' အော် ... ''

'' အစွန်ဆုံးကအခန်းမှာ Jongin ရှိတယ် ... ညီအစ်ကို ၂ယောက် အေးအေးဆေးဆေး စကားပြောလိုက်ကြဦး ... ပွဲစဖို့ကစောသေးတယ်''

'' Nae...Hyung ''

ကျနော့်ကို ထိုအခန်းရှေ့ထိ လိုက်ပို့ပေးပြီး ပြန်ထွက်သွားတဲ့ Taemin Hyung ရဲ့ကျောပြင်ကိုသာ အဆုံးထိလိုက်ကြည့်နေမိသည်၊၊

နာရီကိုကြည့်လိုက်တော့ ပွဲစဖို့ ၁နာရီကျော်ကျော်လောက်လိုသေးသည်၊၊တမင်တကာ စောလာတာဆိုပေမယ့် တကယ်တမ်းကျ သူ့ရှေ့မသွားချင်တော့ ၊၊

အသိုင်းအဝိုင်းကြားထဲမှာ မိသားစုမရှိပဲ သူတစ်ယောက်တည်း မျက်နှာပျက်စရာတွေ ဖြစ်မှာ စိုးလို့သာ လာရတာ ၊၊

တံခါးကို ခေါက်လိုက်တော့ အခန်းထဲက သူ့ရဲ့

'' ဝင်ခဲ့ '' ဆိုတဲ့အသံဟာ တိုးလျစွာ ထွက်လာသည်၊၊

ကျနော် အခန်းထဲဝင်သွားတော့ သူဟာ အံ့ဩတဲ့ အကြည့်တွေနဲ့ ၊၊ အနက်ရောင် သတို့သားဝတ်စုံဟာ သူ့ရဲ့ကိုယ်ပေါ်မှာ ကြည့်ကောင်းလွန်းတယ် ၊၊ သပ်ရပ်နေတဲ့ ဆံပင်စတိုင်လ်ဟာ ခန့်ညားလွန်းတဲ့ သူ့မျက်နှာကို ပိုလို့တောင် ပေါ်လွင်စေသည် ၊၊

အကယ်၍ (Zawgyi+Unicode)Où les histoires vivent. Découvrez maintenant