ဝေးရရင်တောင် ...
ပထမဆုံး စွန့်ခွာသူ.....
ကျနော် ဖြစ်ပါရစေ........
D.O.'s P.O.V
'' ကျနော် ... မစောင့်နိုင်ဘူး Hyung ''
ထိုစကားကို ပြောထွက်ချိန် ကျနော့်ရင်ခွင်တစ်ခုလုံးကို ဓားတစ်ချောင်းနဲ့ ထိုးခွဲချလိုက်သလို .... အောင့်တက်လာတဲ့ ရင်ဘတ်အစုံဟာ နိမ့်ချည်မြင့်ချည်နဲ့ ၊၊
တုန်ရီနေတဲ့ နှုတ်ခမ်းတွေကို သူ သတိမထားမိအောင် ဖိကိုက်ထားမိတယ် ၊၊
တုန်လှုပ်နေတဲ့ သူ့မျက်နှာကို မကြည့်မိအောင် ရှောင်လွှဲနေမိတယ် ၊၊
ကျစ်ကျစ်ပါအောင် ဆုတ်ထားတဲ့ လက်နှစ်ဖက်ကို သူ့လက်က လှမ်းလာတော့ ... ကျနော် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည် ၊၊
'' ကောင်လေး ... ''
ဒူးထောက်နေရာကနေ ထရပ်ကာ ... ကျနော့်ကို ခေါ်လိုက်တဲ့ သူ့အသံဟာ တုန်ရီလို့ ၊၊
အံ့ဩမှုတွေ ထိတ်လန့်မှုတွေအပြည့်နဲ့ ဆောက်တည်ရာမရဖြစ်နေတဲ့ သူ့မျက်ဝန်းတွေဟာ ကျနော့်ဆီမှာ အဖြေရှာဖို့ ကြိုးစားနေတာကို ကျနော် သိသည် ၊၊
သူ့ဘက်က ခြေတစ်လှမ်းရှေ့တိုးတိုင်း ... ကျနော့်ဘက်က ခြေနှစ်လှမ်းနောက်ဆုတ်မိသည်၊၊
'' ဘာလို့လဲ ... ''
မယုံကြည်မှုများစွာနဲ့ တိုးတိတ်စွာထွက်လာတဲ့ သူ့ရဲ့ အသံဟာ ... ကြားဖူးသမျှထဲမှာ နာကျင်စရာ အကောင်းဆုံးဖြစ်သည် ၊၊
'' ကျနော် ... Hyung ကို ... ''
ဆက်ပြောလေ KyungSoo ... ၊၊
ဆက်ပြောလိုက်လေ ... မချစ်တော့ပါဘူးလို့ ၊၊
ဦးနှောက်ကပေးနေတဲ့ သတိစကားကို နှလုံးသားက ပြင်းထန်စွာငြင်းသည် ၊၊
ရစ်ဝဲနေမယ့် မျက်ရည်အချို့ကို ... သူ့ရဲ့ နာကျင်နေတဲ့ အကြည့်တွေက တွန်းပို့နေသလို ၊၊
'' Hyung ကို .... မချစ်တော့ဘူး ..... ''
လှိုက်ကာတက်လာတဲ့ နာကျင်မှုတွေကြောင့် ကျဆင်းလာမယ့် မျက်ရည်ပူအချို့ကို သူမမြင်စေရန် ကျနော် ကျောခိုင်းလိုက်သည် ၊၊