D.O.'s P.O.V
'' ငါ့ Laptop ယူသွားလိုက် ''
ကျနော့်အပြောကိုကြားတော့ ထိုမိန်းမ မျက်နှာမှာ ခက်ထန်သွားတယ် ၊၊ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ကိုယ်နဲ့မရင်းနှီးတဲ့ ယောကျ်ားလေးတစ်ယောက်အိမ်ကို လိုက်ဖို့ ပြောရဲတယ်ဆိုတာ တော်ရုံ အရှက်သိက္ခာမဲ့ပုံမျိုးနဲ့မရ ၊၊ ဒီ မိန်းကလေးဟာ ... တော်တော် တရားလွန်နေလေပြီ ၊၊
'' ဘာလဲ ... နင့် အကိုနဲ့ တွေ့မှာစိုးလို့လား ''
ကျပ်ထုတ်နေတဲ့ အကျႌကို အပေါ်ကြယ်သီးဖြုတ်ထားကာ တမင်လှစ်ဟ ပြထားတဲ့ သူမရဲ့ အသားစိုင်ကို မမြင်အောင် ကျနော် ကျောခိုင်းမိလိုက်သည် ၊၊
'' ဒါမှမဟုတ် ... နင် ငါ့အပေါ် မရိုးမသားစိတ်များ ရှိနေလို့လား ''
ဒါတောင် စားပွဲပေါ်တင်ထားတဲ့ ကျနော့်လက်အပေါ် သူမရဲ့ ရွံရှာဖွယ်လက်တစ်စုံက ကျရောက်လာသေးသည် ၊၊
'' မင်း ...!! ''
မိန်းကလေးတစ်ယောက်ကို အထိနာအောင် ပြောဖို့ဆိုတာ စိတ်ကူးနဲ့သာလွယ်ပေမယ့် တကယ်တမ်း မထွက်လာ ၊၊ ကိုယ်ထိလက်ရောက်ဆိုရင် ဝေးလာဝေး ၊၊ ဒါပေမယ့် သူမရဲ့ အပြုအမူတွေက ကျနော့်ရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောတွေကို အဆိပ်တွေ ထိုးသွင်းနေသလိုပင် ၊၊ တစ်ရိပ်ရိပ်တက်လာတဲ့ ဒေါသအချို့ကို ပြန်မျိုသိပ်ကာ ကျောပိုးအိတ်ကိုသာ ကောက်လွယ်မိတော့သည် ၊၊
'' ဘယ်သွားမလို့လဲ ''
ကျနော့်အနောက်ကနေ ကြားနေရတဲ့ သူမရဲ့ အသံဟာ ကမ္ဘာပေါ်မှာ စက်ဆုတ်ဖွယ်အကောင်းဆုံးလို့ တင်စားမိတာ ကျနော့်အလွန်မဟုတ် ၊၊ ဖြစ်နိုင်ရင် ဒီထက်ဆိုးတဲ့ အရာတွေနဲ့ နှိုင်းချင်မိသည် ၊၊
'' ကောင်လေး .... ''
ကျောင်းခြံဝန်းအပြင်ရောက်တာနဲ့ အသင့်စောင့်နေသော Hyung ရဲ့ ကားနားကို ပြေးသွားလိုက်သည် ၊၊ ဖြစ်နိုင်ရင် ဒီတစ်နေ့တာကို မြန်မြန်ကျော်ဖြတ်ချင်လှပြီ ၊၊
'' ပြန်မယ် .. ဗိုက်ဆာတယ် ''
'' တွေ့တာနဲ့ စားမယ်ဆိုတာကြီးဘဲ ... ကောင်လေးကနေ ဝက်လေးဖြစ်တော့မယ် ''