အချစ်လား ...
အရေးမှမကြီးတာ ၊၊Kai'sP.O.V
ကောင်လေး .........
ထိုနာမ်စားတစ်ခုဟာ ကျနော့်နှုတ်ဖျားမှာသံမှိုလို ဆွဲနေတဲ့ အရာတစ်ခု ၊၊
ကလေးတစ်ယောက် လူ့လောကထဲစရောက်တဲ့ နေ့မှာပဲ လူကြီးတွေရည်ညွှန်းတဲ့ ''ညီလေး'' ဆိုတဲ့ စကားလုံးအစား ကျနော် ''ကောင်လေး'' ဆိုတဲ့ နာမ်စားတစ်ခုကို ပို နှစ်ခြိုက်ခဲ့သည်၊၊
ပို...စွဲလန်းခဲ့သည် ၊၊
ထို ကောင်လေးရဲ့ ရက်စွဲတိုင်းမှာကျနော် ရှိတတ်သလို ....
ကျနော့်ရဲ့ဒိုင်ယာရီစာမျက်နှာတိုင်းမှာလည်း ထိုကောင်လေးနာမည်က နေရာယူထားသည်၊၊
ဥပမာ ... ကောင်လေး ဒီနေ့ဆိုးတယ် ဆိုတာမျိုး၊၊
ဟက် .... မဆိုးမှန်း သိပေမယ့် ကျနော့်အတွက်တော့ ကောင်လေးက ဆိုးသည်၊၊
ကျနော် မသိတဲ့ တစ်စိမ်းတွေနဲ့ ကောင်လေးက စကားပြောနေရင် ဆိုးသည် ၊၊
သူ့သူငယ်ချင်းတွေနဲ့ လက်ပွန်းတတီးနေရင် ... ကောင်လေးက ဆိုးသည် ၊၊
ကျနော့်ကို အချိန်မပေးရင် ကောင်လေးက ဆိုးသည်၊၊
ကျနော့်အတွက်မဟုတ်တဲ့ အပြုံးတွေ ကောင်လေးဆီမှာ တွေ့ရရင် ....ကောင်လေးက ဆိုးတာပဲ၊၊
ဟုတ်တယ် ၊၊
ကောင်လေးဟာ .... ကျနော့်ရဲ့ နေ့ရက်တော်တော်များများမှာ လူဆိုးလေးတစ်ယောက်အဖြစ် နေရာယူထားတတ်သည် ၊၊
အထူးသဖြင့် .... အထက်တန်းအရွယ် ကောင်လေး၊၊
ဒါကြောင့်လည်း ကျနော့်ဘက်က ''ချစ်တယ်'' ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို စပြောကာ ကောင်လေးကို ရယူခဲ့တာ ၊၊
ညီအစ်ကိုအရင်းမဟုတ်တဲ့ ကောင်လေး .... တစ်နေ့ ကျနော့်ဘဝထဲက ထွက်မသွားအောင် တားဆီးဖို့ ''အချစ်'' လို့ခေါ်တဲ့ ဆက်ဆံရးတစ်ခုကို ဖန်တီးခဲ့သည် ၊၊
ဖန်တီး .... ရယူခဲ့သည် ၊၊
ဟန်ဆောင်ခဲ့သည် ၊၊
လိမ်ညာခဲ့သည်၊၊
ကောင်လေးကိုကော...
ကိုယ့်ကိုကိုယ်ကော ...
လိမ်ညာခဲ့သည် ၊၊
ဒါပေမဲ့ ကျနော် မသိခဲ့တာက .... ထိုလိမ်ညာမှုတွေဟာ ကျနော့်ဆီကနေ ကောင်လေးကို တွန်းထုတ်နေတာကိုပဲ ၊၊
နေ့ရက်တွေ ပြောင်းလာတာနဲ့အမျှ .... အပြုံးတွေနည်းလာတဲ့ ကောင်လေးရဲ့ မျက်နှာဟာ အခုဆို ကျနော့်ကို အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေတတ်ပြီ၊၊
ကျနော့်ကြောင့် ကျခဲ့တဲ့ မျက်ရည်တွေကို ကျနော် မြတ်နိုးစွာဆုတ်ကိုင်ခဲ့တဲ့ လက်တွေနဲ့ ဖယ်ရှားနေတဲ့ ကောင်လေးရဲ့ ပုံရိပ်ဟာ ကျနော့်ဘဝကို အချက်ပေးလိုက်သလိုပင် ၊၊
နောင်မှရတဲ့ ... နောင်တဆိုတဲ့အတိုင်း ....
ပေါ့ပေါ့တန်တန်တွေးပြီး ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် နောင်တရလို့ မဆုံးတော့ ၊၊နောက်ကျမှန်း သိပေမယ့် ....
ကျနော် .... ကောင်လေးကို ချစ်နေမိပြီ ၊၊
ဖန်တီးယူထားတဲ့ အချစ်တစ်ခုအတွက် ... ကျနော်ကိုယ်တိုင် လောင်ကျွမ်းပြီး ကောင်လေးကို ချစ်နေမိပြီ ၊၊
ဒါပေမဲ့...
ကျနော့်မှာ ....
ချစ်ခွင့်ကော ......
ရှိသေးရဲ့လား ......... ၊၊To be continued >>>>
Kai's P.O.V ရေးမှဖြစ်မယ်ထင်လို့ ရေးလိုက်တာပါ ၊၊ ဒါပေမဲ့ နည်းနည်းပဲရေးထားတယ် ...
ဖြည်းဖြည်း ဆဲကြကုန် 😓
Thanks for yur votes,Rls and fbs