Unicode *2*

304 38 0
                                    

D.O.'s P.O.V

'' Hyung ... Electronic Company ဖြစ်ပြီး မော်ဒယ်ကျ ဘာလို့ မိန်းကလေးဖြစ်နေရတာလဲ ''

ညနေစာ ထမင်းစားပွဲဝိုင်းမှာ ကျနော် မေးလိုက်တဲ့ မေးခွန်းကြောင့် သူက ကျနော့်ကို ထမင်းစားနေရာက မော့ကြည့်သည် ၊၊ အမှန်အတိုင်း ပြောရရင် ထိုမေးခွန်းကို လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက မေးချင်နေပေမယ် အလုပ်ကိစ္စတွေမှာ ဝင်မစွက်ဖက်သင့်ဘူးထင်လို့သာ အောင့်အီးကာ နေနေတာ ၊၊

ဒါပေမဲ့ Jung Nara ရဲ့ ပိရိတ်သတ် အမာခံကြီးဖြစ်တဲ့ Byun Baek က

'' မင်းအကိုက Nara ရဲ့ Photo Shooting တွေက အစလာကြည့်တာတဲ့နော် '' ဆိုတဲ့ တစ်ဆင့်စကားကို ကြားပြီးနောက် ကျနော့် မအောင့်အီးနိုင်တော့ ၊၊

'' ဘာလို့ အဲ့လိုမေးတာလဲ ''

တစ်ခါမှ ထိုကဲ့သို့မမေးဘူးတဲ့ ကျနော့်ကို သူကလည်း အထူးအဆန်းလိုဖြစ်နေပုံရ၏ ၊၊

'' ဒီအတိုင်း .. သိချင်တာရယ် ၊၊ ပြီးတော့ Hyung တို့ကုမ္ပဏီရဲ့ ဒီတစ်ခေါက် မော်ဒယ်က ကျနော်တို့ Uni ကဘဲလေ .. အဲ့ဒါကြောင့် ''

သူကတော့ ကျနော့်စကားကို ခေါင်းလေးငြိမ့်လိုက် ... အရှေ့က ဟင်းခွက်တွေထဲကနေ ယူစားလိုက် ... ကျနော့်ထဲ ထည့်ပေးလိုက်နဲ့ ၊၊

'' Electronic ကုမ္ပဏီတွေ မိန်းကလေး မော်ဒယ်သုံးတာ မဆန်းပါဘူး ကောင်လေးရယ်၊၊ တခြား Brand တွေလည်း သုံးတာဘဲ ... ငါတို့သာ အခုမှ စသုံးကြည့်တာ ၊၊ ပြီးတော့ Nara ssi က ကောင်လေးနဲ့ Uni အတူတူဆိုတာ သိပါတယ် ၊၊ ကောင်လေးက အဲ့လိုတွေစိတ်မဝင်စားလို့ မပြောဖြစ်တာဘဲ ရှိတာ ''

*ငါ* ဆိုတဲ့ နာမ်စားနဲ့ ပြောနေတဲ့ အနှီလူသားကို ကျနော့်လက်ထဲမှာ ကိုင်ထားတဲ့ တူနဲ့သာ ကောက်ရိုက်ချင်လာ၏ ၊၊ ဘာလို့လဲ မမေးနဲ့ ... ကျနော်လည်းမသိ ၊၊

'' ဘာလို့လဲ ?? ကောင်လေး .. သဝန်တိုနေတာလား ''

စားပွဲပေါ် လက်ထောက်ကာ ... ကျနော့်ကို ပြုံးစိစိနဲ့ လာကြည့်နေတဲ့ ထိုလူကြီးကို အမြင်ကတ်လိုက်တာ ၊၊ ရဲတက်လာတဲ့ ကျနော့် ပါးနှစ်ဖက်ကို မမြင်အောင် ခေါင်းကို ငုံ့ထားမိပေမယ့် သူကတော့ တဟားဟား နဲ့ ရယ်နေတော့သည် ၊၊

အကယ်၍ (Zawgyi+Unicode)Tahanan ng mga kuwento. Tumuklas ngayon