D.O.'s P.O.V
'' Hyung ~ ''
'' အိပ်တော့ ကောင်လေး ... ''
ကျနော့်ကို ကျောပေးကာ တစ်စောင်းအိပ်နေတဲ့ Hyung အသံက အေးစက်စက်နိုင်လိုက်တာ ၊၊
'' တောင်းပန်ပါတယ် Hyung ... ကျနော် ကလေးဆန်သွားတယ် ''
အမှန်အတိုင်းပြောရရင် ကျနော့်ဘက်က ဘာလို့ တောင်းပန်စကားပြောရတာလည်း နားမလည်နိုင်၊၊
ကျနော်ဟာ ... ဒီနေ့အဖြစ်အပျက်မှာ စိတ်ဆိုးခွင့် ရှိသူ ၊၊ ပြီးတော့ Hyung က ချော့ရမယ့် သူ ၊၊
ကိုယ့်ချစ်သူတစ်ယောက်လုံးနဲ့ တခြားမိန်းမက ကိုယ့်မျက်စိရှေ့မှာ တဟီးဟီးတဟားဟား ပြုံးရယ်နေမယ့် မြင်ကွင်းကို ဘယ်သူကများ ကြည့်လို့ကောင်းလို့ ကြည့်နေမယ်တဲ့လဲ ၊၊
ဒါပေမယ့် .... ကျနော် တောင်းပန်မိသည် ၊၊
နှစ်ယောက်တည်းရှိတဲ့ အိမ်မှာ တိတ်ဆိတ်နေတာကို ကျနော် ကြောက်တယ် ၊၊
နှစ်ယောက်အတူတူ အိပ်တဲ့ ကုတင်မှာ နွေးထွေးမှု မရှိတော့မှာကို ကျနော် ကြောက်တယ် ၊၊
အခုတော့ Hyung က ကျနော် ကြောက်တဲ့ အရာတွေကို ပေးနေပြီ ၊၊
Hyung အရမ်းဆိုးတယ် ... Hyung ရာ ... ၊၊
ဒါပေမဲ့ ကျနော့်မှာ Hyung လို ဆိုးလိုက်တာ ဆိုပြီး ငြီးခွင့်မရှိဘူးမလား ၊၊
'' နောက်နေ့ Nara ကို အကျိုးအကြောင်း ပြောပြီး တောင်းပန်လိုက် ''
Hyung ရဲ့ စကားအဆုံး ပါးပေါ်သို့ စီးကျလာတဲ့ မျက်ရည်ကို ကျနော် လက်ခုံနဲ့ ဖိဆွဲကာ သုတ်မိလိုက်သည် ၊၊
ကျနော့်ရဲ့ ခေါင်းမာမှု ... Hyung ဘက်ကကြည့်ရင်တော့ ရိုင်းစိုင်းမှု တစ်ခုကြောင့် ညနေက Nara ကို Hyung ပြန်လွှတ်လိုက်သည်၊၊ ချိုချိုသာသာနဲ့ ပြီးသွားပေမယ့် ကျနော့်ရဲ့ ကလေးဆန်တဲ့ အပြုအမူက Hyung အတွက်တော့ အမှားကြီး တစ်ခုပင် ၊၊
သူပြောပြောနေတဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ ဆက်ဆံရေးကို ကျနော့်ဘက်က အလေးမထားသလို ဖြစ်သွားတယ်တဲ့ ၊၊
ကျနော့်ရဲ့ စိတ်ခံစားချက်ထက် ထိုအရာတွေက Hyung အတွက် ပိုအရေးကြီးပုံဘဲ ၊၊