D.O.'s P.O.V
'' ကောင်လေး ... အတန်းပြီးတာနဲ့ အိမ်ပြန်လာနော်.. ဘယ်မှ လျှောက်ဝင်မနေနဲ့ ''
'' ဟုတ် ... Hyung ''
အိပ်ခန်းထဲကနေ လှမ်းပြောနေတဲ့ သူ့ကို ပန်းကန်ဆေးနေရင်း ပြန်ဖြေလိုက်၏ ၊၊
'' ငါဒီနေ့ နောက်ကျမယ် ... ''
အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ သူ့ကို နှုတ်ဆက်ရန် လုပ်လက်စအလုပ်တွေကို ရပ်ပြီး တံခါးရှေ့မှာ စောင့်နေလိုက်၏ ၊၊ သူကတော့ ဖိနပ်ကို စီးရင်း တစ်ဖက်ကလည်း Necktie ကို ပုံမကျလို့ ပြန်ပြင်နေသေးသည် ၊၊
'' အင်း ... ညနေ ဖုန်းဆက်လိုက်မယ် ''
ကျနော့် ပြောစကားကို ခေါင်းငြိမ့် တုံ့ပြန်ရင်း တံခါးပိတ်ကာ ထွက်သွားတဲ့ သူ .... ၊၊
သူ ... သူဆိုသည်မှာ ကျနော့်ရဲ့ အုပ်ထိန်းသူ ၊၊
နာမည်က Kim Jongin ၊၊
ကျနော်က အသက် ၂၁ နှစ် ....သူက အသက် ၂၈၊၊ကျနော်က Environmental မေဂျာကို သင်ယူနေတဲ့ ပထမနှစ်ကျောင်းသား.. ၊၊
သူက The Eve ကုမ္ပဏီရဲ့ အမွေဆက်ခံသူ ... CEO တစ်ယောက် ၊၊ကျနော့် မိဘတွေက သူတို့အိမ်မှာ အလုပ်သမား ... ဆိုတော့ကာ ကျနော်က မွေးကတည်းက သူတို့အိမ်မှာ ကြီးပြင်းလာတဲ့ သူ ၊၊
ကျနော့်အသက် ၁၅နှစ်မှာ မိဘတွေ ဆုံးပါးသွားတော့ သူ့ မိဘတွေက ကျနော့်ကို ငယ်ငယ်လေးကတည်းက ကျွေးမွေးလာခဲ့သည် ၊၊
သူ့မိဘတွေ ဆုံးပါးသွားတဲ့ နောက်ပိုင်း ... သူကဘဲ ကျနော့် အုပ်ထိန်းသူ နေရာဆက်လက်ခံယူခဲ့၏ ၊၊
ဒီတော့ ကျနော့် နေ့ရက်တိုင်းမှာ သူဟာ အစ အဆုံး ပါဝင်လာသလို ... ကျနော့် စိတ်ခံစားချက်တိုင်းမှာ သူဟာ လုံးလုံးကြီး နေရာယူထားသည် ၊၊
သူ ..... သူ ဆိုတာက ကျနော့်ရဲ့ ချစ်သူ ၊၊
ဟုတ်တယ် ... သူနဲ့ ကျနော်ဟာ လွန်ခဲ့တဲ့ ၁နှစ်ကတည်းက တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောကာ အဆင့်တက်ရန် ဆုံးဖြတ်ခဲ့ကြပြီးသား ၊၊သူဆိုတာ ... ကျနော့် ချစ်သူ ၊၊
အများအမြင်မှာတော့ ... ကျနော့် အုပ်ထိန်းသူ ကျနော့် အကိုတစ်ယောက် ၊၊