*9*

4.4K 518 70
                                    

D.O.'s P.O.V

တော်ရုံတန်ရုံသာ ကောင်းမယ် ... ၊၊

ခင်ဗျားပြောတော့ ဟန်ဆောင်တာဆို ... ၊၊

ကျနော့်မျက်လုံးထဲမှာတော့ အဖြူရောင်ချည်းသက်သက် ပေါ်မနေဘူး ... ၊၊

ခင်ဗျားဘက်က ဟန်ဆောင်မှုကိုဘဲ အဓိပ္ပါယ်ကောက် လွဲခဲ့တာလား ... ၊၊

ကျနော်ကဘဲ နားလည်မှုလွဲခဲ့တာလား ... ၊၊

သူမအပေါ် ဟန်ဆောင်တာက ကျနော့်အပေါ် ဂရုစိုက်ပြတာထက်တောင် ပိုပြီး အသက်ဝင်နေသေးတယ် ၊၊

စိတ်ထင်လို့ဘဲနေမှာပါဆိုတဲ့ ကျနော့်ရဲ့ တစ်ကိုယ်တော် ဖြေသိမ့်မှုဟာ နှလုံးသားထိ မရောက်နေဘူး .... ၊၊

ခင်ဗျားပြောတဲ့ ယုံကြည်မှုဆိုတဲ့ အချက်ဟာ ... အမှန်တရားဖြစ်ဖို့ ကံမပါလာဘူးနဲ့ တူရဲ့ ... ၊၊

ကျနော် ခင်ဗျားကို ချစ်တယ် ၊၊

ခင်ဗျားလည်း ကျနော့်ကို ချစ်တယ် လို့ ယုံကြည်ချင်နေတုန်းဘဲ ၊၊

>>>>>

'' ကားရပ်လိုက် .... ''

တိတ်ဆိတ်နေတဲ့ ကားပေါ်က ကျနော့်အသံကြောင့် ဟိုကောင်မလေးက အထူးအဆန်းသဖွယ် လှည့်ကြည့်သည် ၊၊

သူက စိတ်ဓာတ်ကျစွာနဲ့ ခေါင်းကို ငုံ့လိုက်သည် ၊၊

၁၅ မိနစ်စာ ခရီးဟာ ကျနော့်အတွက် တာဝေးပြေးထားရတဲ့ လူတစ်ယောက်လို မောဟိုက်လို့ ၊၊

သူက ကျနော်ပြောတဲ့အတိုင်း လမ်းဘေးမှာ ကားကို ထိုးရပ်လိုက်သည် ၊၊ တောင်းပန်တဲ့ အကြည့်တွေက သူ့ရဲ့ ပင်ကိုယ်လက်နက်တွေလို ၊၊ ကျနော် ထပ်ပြီး ရင်မဆိုင်ချင်တော့ ... ၊၊ ထိုကောင်မလေးနဲ့ သူရဲ့ ကြည်နူးမှုထက် မပြတ်မသားဖြစ်နေတဲ့ သူ့ရဲ့ အကြည့်တွေက ကျနော့်ကို ပိုနှိပ်စက်နေသည် ၊၊

'' ဒီနေ့ အိမ်ပြန်မလာဖြစ်ဘူး ''

သူ့ကားထဲကနေ ဆင်းလာခဲ့လိုက်ပြီ ၊၊

ထိုကားထဲမှာ ကျနော့်ရဲ့ ချစ်သူက သူ့ရဲ့ ချစ်သူကို လက်တွဲထားသည် ၊၊

ထိုကားထဲမှာ ကျနော့်ရဲ့ ချစ်သူက သူ့ရဲ့ ချစ်သူနဲ့ ကျန်ခဲ့သည် ၊၊

အကယျ၍ (Zawgyi+Unicode)Where stories live. Discover now