ငါတို့ ဇာတ်သိမ်းဟာ
မလှပခဲ့ဘူး ချစ်သူ .....
ဒါပေမဲ့...ငါ့အချစ်ကတော့
လှပခဲ့တယ် ၊၊
D.O.'s P.O.V
'' ဘယ်သွားမလို့လဲ ''
နိုးနိုးချင်း ကျနော့်ပုံစံကို တွေ့တာနဲ့ ထထိုင်ကာ မေးလိုက်တဲ့ သူ ၊၊
ရှုပ်ပွနေတဲ့ ဆံပင်တွေရယ် ... နီရဲနေတဲ့ မျက်နှာရယ်နဲ့ မပျယ်သေးတဲ့ alcohl အနံ့တွေကြောင့် ညက သူဘယ်လောက်တောင် သောက်ထားလဲ ဆိုတာ သိနိုင်သည် ၊၊
တစ်ညလုံးသောက်ပြီး မနက်မိုးသောက်မှ ပြန်ရောက်လာတဲ့ သူ ... ၊၊
'' ၇ နာရီပဲရှိသေးတာကို ''
ထိုးကိုက်နေမှာ သေချာတဲ့ နားထင်ကို ဖိထားကာ ကျနော့်ကို မေးလာသည် ၊၊
'' ဆေးသောက်လိုက်ဦး .. မနက်စာ ပြင်ထားခဲ့တယ် ''
'' ကောင်လေး ... ဘယ်သွားမလို့လဲလို့ မေးနေတယ်လေ ''
'' အမေနဲ့ အဖေဆီ ''
ဒီနေ့ ကျနော့်မိဘတွေဆုံးတာ ၉ နှစ်ပြည့်တဲ့နေ့ ၊၊ နှစ်တိုင်း သူက လိုက်ပေးပေမယ့် ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူး ထင်သည် ၊၊ သူ့ကို ကြည့်လိုက်တော့ မျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်ကာ စိတ်ရှုတ်နေတဲ့ ပုံ ၊၊
'' Hyung လိုက်ပေးမယ်လေ ''
'' မလိုဘူး ... Chanyeol ရောက်နေပြီ ၊၊ သွားတော့မယ် ''
သူ့ဘက်က မပြတ်သားရင် ကျနော့်ဘက်က ပြတ်သားမှရမည် ၊၊
မဟုတ်ရင် ... ထိုကျော့ကွင်းထဲမှာ တစ်ခါပြန်ကျရှုံးသူက ကျနော်ပဲ ဖြစ်နေလိမ့်မယ်၊၊
>>>>
၁ပေပတ်လည် မှန်ဘောင်ခန်းထဲကနေ ဖုန်တက်နေတဲ့ မိသားစု ဓာတ်ပုံကို ထုတ်လိုက်သည် ၊၊
အရင်ကဆိုတစ်နှစ် ၂ခါလောက်လာပြီး သန့်ရှင်းရေး လုပ်ဖြစ်ပေမယ့် .. ဒီနှစ်မှာတော့ အခြေအနေတွေက မတူတော့ ၊၊
အဖေနဲ့ အမေကတော့ ထင်နေလိမ့်မည် .. ကျနော် ပျော်နေတယ်လို့ ၊၊
အချိန်အတိုင်းအတာ တစ်ခုထိ ပျော်ရွှင်မှုဆိုတာ ရရှိခဲ့ပေမယ့် ... အခုတော့ ဟန်ဆောင် ပြုံးရုံကလွဲ၍ ကျနော် လုပ်နိုင်တာမရှိတော့ ၊၊