ငါ မျှော်လင့်တဲ့
ဇာတ်သိမ်းမှာ
မင်း နာကျင်မှာကို
မလိုလားဘူး .. ၊၊
D.O.'s P.O.V
ကျနော် ကန့်ကွက်တယ် !!!
ဝင်ပေါက်ကနေ လှမ်းအော်လိုက်တဲ့ ကျနော့်ဆီကို အကြည့်တွေ ရောက်လာသည် ၊၊
တီးတိုးပြောသံတွေဟာ စက္ကန့်ပိုင်းအတွင်းမှာ ခန်းမတစ်ခုလုံး ပြည့်သွား၏ ၊၊
အဓိကဇာတ်ကောင်ဖြစ်တဲ့ Hyung က စိုးရိမ်စွာ ကျနော့်ကို လှမ်းကြည့်နေသည် ၊၊
သူ့ဘေးက မိန်းမကတော့ ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလို ... မျက်နှာတစ်ခုလုံး နီရဲလို့ ၊၊
တုန်ရီနေတဲ့ ခြေလှမ်းတွေကို လျစ်လျူရှုကာ သူရှိရာဆီသို့ ကျနော် အပြေးသွားမိသည် ၊၊
ရုတ်တရက်ဖြစ်ပျက်နေတာမို့လို့လားမသိ ... ကျနော့်ကို ဝိုင်းတားမယ့်သူ မရှိကြ ၊၊ အရှေ့ဆုံးမှာ ထိုင်နေတဲ့ Taemin Hyung ကတောင် ကျနော့်ကို ကြောင်ကြည့်နေသည် ၊၊
Hyung ရှေ့ရောက်တာနဲ့ သူ့လက်က လက်ထပ်လက်စွပ်ကို ကျနော် အတင်းဆွဲချွတ်ကာ လွှတ်ပစ်လိုက်သည် ၊၊
'' ကောင်လေး ...''
ကျနော့်ရဲ့ အပြုအမူတွေကို နားမလည်နိုင်ဖြစ်နေတဲ့ Hyung က နာမ်စားကို ခေါ်ရုံကလွဲလို့ ဘာမှ တုံ့ပြန်ချိန်မရလိုက် ၊၊
'' သွားမယ် !! ''
သူ့ရဲ့လက်ကို ဆွဲကာ ... ကျနော် ထိုခန်းမထဲက ပြေးထွက်ခဲ့သည် ၊၊
အနောက်က အော်သံတွေကို လျစ်လျူရှုကာ ထိုငရဲတွင်းထဲကနေ လွတ်အောင် အတတ်နိုင်ဆုံး ပြေးထွက်ခဲ့သည် ၊၊
ကောင်လေးဆိုပြီး ဆက်တိုက်ခေါ်နေတဲ့ Hyung ရဲ့ အသံတွေကိုလည်း မကြားချင်ယောင်ဆောင်ကာ ကားပါကင်ကိုသာ ဦးတည်မိသည် ၊၊
'' Hyung ကားမောင်း ''
သူ့ကားရှေ့ရောက်တဲ့အထိ အရာရာကို နားမလည်နိုင်ဖြစ်နေတဲ့ သူ ... ၊၊
'' ပြီးရင် ရှင်းပြမယ် ... ကားသာမောင်းစမ်းပါ ''
သူ့ကို အော်လည်းအော် ... ကျနော်လည်း ကားပေါ်ကို ပြေးတက်ရသည် ၊၊ အနောက်ကနေ လှမ်းခေါ်နေတဲ့ အသံတွေက နီးလာတာနဲ့အမျှ ကျနော့် ကြောက်စိတ်တွေဟာ ထိန်းချုပ်လို့မရတော့ ၊၊