*7*

4.4K 487 61
                                    

D.O.'s P.O.V

ကျနော့် မာနနဲ့ နှလုံးသားကို ချနင်းကာ ပြောထွက်ခဲ့တဲ့ တောင်းပန်စကားတစ်ခုဟာ ... သူတို့အတွက်တော့ လှောင်စရာလို့တောင် မသတ်မှတ် ၊၊ ရှိတယ်လို့တောင် မယူဆ ၊၊
ဒါနဲ့များ ကျနော့်ကို တောင်းပန်စကား ဆိုခိုင်းရသေးလား ခင်ဗျားရယ် .... ၊၊

ဧည့်ဝတ်မကျေဘူးလို့ဆိုနေရအောင် အိမ်ကို တစိမ်းလူဝင်ထွက်တာတောင် Hyung က ကြိုက်တဲ့ သူမဟုတ်တာ ကျနော် အသိဘဲ ၊၊

ရိုင်းတယ်လို့ပြောရအောင် Hyung မလိုလားရင် ဒီထက်ဆိုးတဲ့ စကားတွေ အပြုအမူတွေကို လုပ်ဖို့ ဝန်မလေးတတ်တဲ့ Hyung အကျင့်ကို ကျနော် ကောင်းကောင်းကြီး နားလည်တယ် Hyung...၊၊

လက်အောက်ဝန်ထမ်း မပြောနဲ့ ...အတွင်းရေမှုးကိုတောင် လိုတာထက်ပိုပြီး မျက်နှာသာ မပေးတတ်တဲ့ Hyung ရဲ့ ကိုယ်ပိုင်စည်းကမ်းကို ကျနော် ကိုယ်တိုင် တွေ့နေမြင်နေခဲ့တာဘဲ .... ၊၊

ကျနော်ဟာ မနေ့တစ်နေ့ကမှ Hyung ဘေးနား ရောက်လာပြီး ချစ်တယ်ဆိုတဲ့ စကားကို တစာစာ အော်ပြောနေတတ်တဲ့ ဆယ်ကျော်သက်တစ်ယောက် မဟုတ်ဘူးဆိုတာကိုကျ Hyung မေ့နေတယ် ထင်ရဲ့ ၊၊

ထွက်နေတဲ့ အတင်းအဖျင်းတွေကို လျစ်လျူရှုရတာနဲ့တင်ပါ မလုံလောက်လို့ Hyung ရဲ့ ပျက်ယွင်းနေတဲ့ ရင်ခုန်သံတွေကိုပါ ကျနော် မမြင်ချင် မကြားချင်ယောင်ဆောင် ပေးရမှာလား ၊၊

တခြားသူအမြင်မှာ သံသယဝင်သွားမှာကို စိုးလို့ ဆိုတဲ့ စကားတော့ ထပ်မပြောပါနဲ့တော့ ခင်ဗျားရာ .... ၊၊

ကျနော့်ရင်မှာ သံသယတွေဝင်သွားမှာကို Hyung အရင် စိုးရိမ်ကြည့်စမ်းပါ ... ၊၊

အေးလေ ... ၊၊

Hyung က ကျနော် မရှိလည်း ဖြစ်တဲ့ လူသားတစ်ယောက်ဘဲ ၊၊

ကျနော်ကသာ .... တစ်နေ့နေ့ကြရင် ဆိုတဲ့ ဘာမှမရှိတဲ့ အနာဂတ်မှာ Hyung ပါမယ်ဆိုတဲ့ ကိုယ်တိုင်ရေး အလိမ်အညာတစ်ခုကို မျက်စိမှိတ်ပြီး ရေးဆွဲနေတာ ၊၊

>>>>>>>

'' ကောင်လေး ... Hyung ပြောစရာရှိတယ် ''

အရင်ကလို နွေးထွေးမှုတွေနဲ့ ပြည့်နှက်မနေတော့တဲ့ သူနဲ့ကျနော် ကြားမှာ ဒါဟာ အချိုသာဆုံး လေသံဘဲ ၊၊ တစ်ပတ်ဆိုတဲ့ အချိန်ကာလ တစ်ခုမှာ အရာရာ အဆင်ပြေသလို ထင်နေရပေမယ့် တကယ်တမ်း ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ သူကော ကျနော် ကော ရိပ်မိနေသည် ၊၊ ဒါပေမဲ့ ... ဘယ်သူမှ အစမဖော်ကြ ၊၊

အကယျ၍ (Zawgyi+Unicode)Where stories live. Discover now