အကယ်၍ ....
ကျနော်သာ ထွက်သွားခဲ့ရင် ....
ခင်ဗျား .... ပျော်မှာလား ၊၊
D.O.'s P.O.V
အိမ် ....
ကျနော့်အတွက် .... အိမ်ဆိုတာ သူရှိတဲ့နေရာ..
သူ့အငွေ့အသက်တွေ ပြည့်နေတဲ့ နေရာ ..
သူနဲ့ပတ်သတ်တဲ့ အမှတ်တရတွေဖန်တီးရာနေရာ..
သူ့ရဲ့ အချစ်တွေနဲ့သာ ပြည့်စုံမယ့်နေရာ ..
ထိုနေရာဟာ ... ကျနော့် အိမ် ၊၊
ဒါပေမဲ့ ....
တစ်ချိန်က ပြည့်နှက်နေတဲ့ အငွေ့အသက်တွေဟာ နွေးထွေးမှုကနေ သွေးအေးလာတယ် ၊၊
အမှတ်တရတွေဟာ ... နာကျင်မှုတွေနဲ့ ယှဉ်လာရင်
ခြောက်ခြားစရာ ကောင်းလာတယ် ၊၊
အချစ်တွေဟာ ... သစ္စာမဲ့မှုတွေနဲ့ ပတ်သတ်လာရင်
အဆိပ်တွေ ဖြစ်လာတယ် ၊၊
ထို အိမ်ထဲကိုပင် .... ခြေချမိပြန်တော့
အေးစက်စက် ပတ်ဝန်းကျင်တစ်ခုကသာ စီးကြိုလို့နေသည် ၊၊
'' ဘယ်သွားနေတာလဲ ''
ကျနော့်ခြေသံကြားတာနဲ့ အခန်းထဲက ပြေးထွက်ကာ ဦးအောင် မေးတဲ့သူ ၊၊
အလုပ်သွားဖို့ ဝတ်စုံအပြည့်နဲ့ ... သန့်လို့ပြန့်လို့ ၊၊
တိတ်ဆိတ်နေတဲ့ ကျနော့်နားကို တစ်လှမ်းခြင်းလှမ်းကာ ... အကဲခတ်နေ၏ ၊၊
ပြန်သာလာတာ ... တကယ်ဆို ကျနော် သူ့ကို ဘယ်လိုရင်ဆိုင်ရမယ်မှန်းတောင် မသိသေး ၊၊
ဘာစကားပြောရမယ်မှန်းလည်း မသိ ... ကုန်ကုန်ပြောရရင် ... သူ့ရှေ့မှာ ရပ်ဖို့တောင် ကျနော် အားအင်တွေကုန်ခမ်းသည် ၊၊
'' ဘာဖြစ်လာတာလဲ ''
သေချာပေါက် မို့အစ်နေမယ့် မျက်လုံးတွေကို ကြည့်ကာ သူကမေးလာသည် ၊၊
နီးကပ်လွန်းတဲ့ အနေအထားကြောင့် သူ့ရဲ့ ဝင်သက်ထွက်သက်တွေဟာ ... ကျနော့် မျက်ခွံ့ကို ရိုက်ခတ်လို့နေသည် ၊၊