D.O.'s P.O.V
သူ့မျက်နှာကိုကြည့်ရင်း ... ကျနော် ငိုချင်လာသည်
ခင်ဗျား .... သတ္တိရှိလွန်းတယ် ၊၊
>>>>>>>>>
အ!!!
လမ်းလျှောက်ရင်းနဲ့ ညာဖက်ခြေဖဝါးမှာ ရုတ်တရက် ခံစားလိုက်ရတဲ့ နာကျင်မှုကြောင့် ငုံ့ကြည့်လိုက်တော့ ဆူးအချို့က အသားထဲမှာ စူးနစ်နေသည် ၊၊
တစ်စိမ့်စိမ့်ထွက်လာတဲ့ သွေးစက်တွေကြောင့် ကျနော် အောက်နှုတ်ခမ်းကို ဖိကိုက်မိလိုက်သည်၊၊
သတိရလို့ ဘေးဘီဝဲယာကိုကြည့်လိုက်ပြန်တော့ မှောင်မည်းနေတဲ့ တောအုပ်ထဲမှာ ၊၊ အောက်မှာလည်း ဆူးပင်တွေကအပြည့် ၊၊
'' ကောင်လေး ... ''
ထိုအချိန်တိုးညှင်းစွာကြားလိုက်ရတဲ့ အသံကြောင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြန်တော့ အမှောင်ထုထဲက သစ်ပင်တွေကလွဲလို့ ဘာမှမတွေ့ရ ၊၊
တစ်ချိန်တည်းမှာပဲ ပိုပြီးနာကျင်လာတဲ့ ခြေဖဝါးကြောင့် ဆက်လှမ်းဖို့ကမဖြစ်နိုင် ၊၊
'' Hyung ...!! ''
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ကျနော့်အသံတစ်ခုကိုသာ ကျယ်လောင်စွာကြားနေရတယ် ၊၊
ထိုအခိုက် မနီးမဝေးမှာ လူအရိပ်တစ်ခုကို တွေ့လိုက်ရ၍ အနောက်က ပြေးလိုက်ရန် ကြိုးစားမိပေမယ့် ဒဏ်ရာကြောင့် ရှေ့ကိုမရောက်တော့ ... ၊၊
'' Hyung ... ''
နောက်တစ်ကြိမ် အော်ခေါ်မိပြန်တော့ ကျနော့်ကို ကျောခိုင်းထားတဲ့ ထို အရိပ်က ကျနော့်ဘက် လှည့်လာကာ လက်ကမ်းပေးသည် ၊၊
'' ကောင်လေး ... Hyung ဆီကိုလာ ... ''
Hyung ရဲ့ မျက်နှာကို မြင်လိုက်ရချိန် နာကျင်မှုတွေကို တစ်ခဏတာ မေ့ပျောက်ပြီး ကျနော် ခြေလှမ်းတွေကို အစပြုရန် အားယူမိသည်၊၊
'' Hyung ... ကျနော် နာတယ် ''
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပိုပိုနစ်ဝင်လာတဲ့ ဆူးတွေကြောင့် အားကိုးတကြီး ပြောမိတော့ Hyung က ကျနော့်ကို အရင်လိုပင် လက်ကမ်းပေးကာ ရယ်ပြသည် ၊၊