ကျနော် ပိုင်ဆိုင်တဲ့အရာဆိုပြီး တံဆိပ်ကပ်ခွင့် ရှိလို့လား ....
D.O.'s P.O.V
'' ငါ ... Jongin oppa နဲ့ လက်ထပ်တော့မယ် ''
တစ်ကိုယ်လုံး ... ထုံကျင်သွားတာမျိုး ...
အတွေးတစ်ခုလုံး ... ဗလာဖြစ်သွားတာမျိုး ...
ဘဝတစ်ခုလုံး ... အမှောင်ကျသွားတာမျိုး ...
တုံ့ပြန်မှုမဲ့သွားတဲ့ ကျနော် .... သူမကို ကြည့်မိတော့
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ၊၊
အခုချိန်မှာ သူမကိုဒေါသထွက်ရမှာလား ....
ချစ်ရသူကို ဒေါသထွက်ရမှာလား ....
'' ဘာလို့ ... ''
မိနစ်အနည်းငယ်ကြာမှ ထွက်လာတဲ့ ကျနော့် မေးခွန်းအဆုံးမှာ ... သူမရဲ့ ထိန်းထားတဲ့ မျက်ရည်စတွေဟာ အဆုံးမရှိ ကျဆင်းလာတယ်၊၊
'' ငါ...ငါ့ကိုကူညီပေးပါ Kyungsoo...နော် ''
ငိုသံတွေစွတ်နေတဲ့ သူမရဲ့ တောင်းဆိုမှုဟာ ကျနော့်တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေကို ပြောင်းပြန်စီးဆင်းစေသည် ၊၊
အခု ... ကျနော့်ချစ်သူနဲ့ လက်ထပ်ခွင့်ရဖို့ ကျနော့်ရှေ့မှာ ငိုကာ ... အကူအညီတောင်းနေတာတဲ့လား ၊၊
'' နင်...ဘာတွေပြောနေတာလဲ ''
'' နင် ကူညီမှ ငါသူနဲ့ လက်ထပ်လို့ရမှာ ... ''
လက်ထပ်တော့မယ်ဆိုပြီး အပိုင်ပြောတာလဲ သူ...
အခု ...လက်ထပ်ဖို့ ကူညီပေးပါဆိုပြီး ပြောနေတာလဲ သူ ... ၊၊
'' စကားကိုရှင်းအောင်ပြောစမ်းပါ !! ''
'' နင်လည်း ကြားမိပါမှာ ... Jongin oppa ကို သူဋေးတစ်ယောက်က သူ့သမီးနဲ့ လက်ထပ်ဖို့ ကမ်းလှမ်းထားတဲ့ အကြောင်းကို .... ၊၊ အမှန်တော့ ... အဲ့ဒါ ငါပဲ ... ငါ့အဖေ ကို ပြောတော့ သူလည်း သဘောတူတယ်ဆိုတာနဲ့ ''
'' Tsk !!! Jang Nara ... မင်းကို Hyung က ထားခဲ့တာလေ !! မိန်းကလေးဖြစ်ပြီးတော့ နင်နည်းနည်းလေးတောင် မာနမရှိဘူးလား ''
အမှန်ဆို ကျနော် မိန်းကလေး တစ်ယောက်ကို ဒီလိုမပြောသင့်မှန်းသိသည် ၊၊ သူမက သဘောရိုးနဲ့ ကျနော့်ဆီလာပြီး အကူအညီတောင်းမှန်းလည်း သိသည် ၊၊