D.O.'s P.O.V
'' ဟျောင့် Byun Baek ... မင်းလိုက်နေတဲ့ ဟိုကောင်မလေးက အခု ပိုင်ရှင်ကြီးနဲ့ဆို ''
ဟိုကိစ္စဖြစ်ပြီးကတည်းက ကျနော့်ကို စကားမပြောတော့တဲ့ Baekhyun က သူ့ရဲ့ သူငယ်ချင်းအသစ်တွေကြားမှာ စကားဖောင်ဖွဲ့နေသည် ၊၊ Chanyeol ကတော့ အတန်းကို လာမတက်တော့ ... ၊၊
'' တော်ပါပြီကွာ ... ''
Baekhyun ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အသံပြီးနောက်မှာ သူ့သူငယ်ချင်းတွေဆီက ရယ်သံမျိုးစုံထွက်လာသည် ၊၊
'' ပြောသံကြားရတာတော့ CEO ကို ကောက်ဖမ်းလိုက်တာတဲ့ ၊၊ Ig မှာ ပုံတွေတက်လာတယ် ... အဲ့ ငနဲကလည်း သူ့ရိုက်ကွင်းတိုင်း မတွေ့ချင်မှအဆုံး ''
'' တော်ပါတော့ကွာ...သူများတကာ သားသမီးကို တော်ရုံပြောစမ်းပါ ''
သူ့သူငယ်ချင်းတွေရဲ့ စကားကို Baekhyun ကကြားထဲကနေ ဟိုတားဒီတားနဲ့ ပြန်ဖြေနေသည်၊၊ ကျနော် သိတာပေါ့ ... သူတို့ပြောနေတဲ့ CEO ကဘယ်သူလဲဆိုတာ ... ၊၊ ကျနော် သိသလို Baekhyun လဲသိသည် ၊၊ ဒါကြောင့်လည်း Hyung အကြောင်းပါလာတာနဲ့ သူက အတင်းတော်ခိုင်းနေတာ ၊၊
သူတို့တွေ ပြောနေတဲ့အတိုင်း ထို Nara ဆိုတဲ့ ကောင်မလေးရဲ့ သတင်းတွေက Uni မှာ ပလူပျံလို့ ၊၊ မကြားချင်မှအဆုံး ... မမြင်ချင်မှ အဆုံး ၊၊ မနေ့က Ig မှာ Hyung နဲ့ တွဲရိုက်ထားတဲ့ ပုံကို တင်ပြီးကတည်းက မဟုတ်မမှန်တွေကော ဟုတ်တာမှန်တာတွေကော ပြောနေကြခြင်းပင် ၊၊
'' စကားပြောတွေရပ်တော့!! ''
ဩဇာအာဏာအပြည့်နဲ့ ဆရာ့အသံကြားမှ ကျနော့် နားထဲမှာ ကြားနေရတဲ့ Hyung ရဲ့ သတင်းဟာလည်း ရပ်သွားတော့သည် ၊၊
>>>>>>>
'' Hyung အလုပ်တွေရှုပ်နေလား ''
သူ့ အလုပ်ခန်းထဲဝင်လာတာတောင် သတိမထားမိတဲ့ အထိ Laptop ကိုစိုက်ကြည့်နေတဲ့ Hyung ၊၊
'' အင်း...ကောင်လေး ''
ကျနော့်ကို ပြန်လှည့်ကြည့်ဖို့တောင် မအားတဲ့အထိ အလုပ်တွေရှုပ်နေတယ်ထင်၏ ၊၊ အမှန်တော့ Nara နဲ့ Hyung နဲ့ ကိစ္စအကြောင်းကို စိတ်ထဲမှာ မတင်မကျဖြစ်နေ၍ စကားစချင်ပေမယ့် သူ့ကို ကြောက်တာက တစ်မျိုး ... ကျနော့်ကို ကလေးဆန်တယ်ဆိုပြီး သူစိတ်အနှောင့်အယှက်ဖြစ်မှာ စိုးတာကတစ်မျိုးနဲ့ မေးမယ့်နေရာကို မရောက်တော့ ၊၊