*19*

3.9K 477 70
                                    

D.O.'s P.O.V

'' ကောင်လေး ... colour pencils ကို တခြားသူတွေ ပေးမကိုင်နဲ့နော် ''

လက်ထဲက ရောင်စုံခဲတံဘူးလေးတွေကို ငုံ့ကြည့်ကာ ကျနော့်ရှေ့မှာ ရပ်နေတဲ့ Jongin Hyung ကို ခေါင်းငြိမ့်ပြလိုက်သည် ၊၊

မေမေက ဈေးကြီးလို့ဆိုပြီးမဝယ်ပေးတဲ့ ရောင်စုံဘူးဟာ အခုတော့ ကျနော့်လက်ထဲမှာ မွေးနေ့လက်ဆောင်အဖြစ် ရောက်နေသည် ၊၊

'' ကောင်လေးလိုချင်တယ်ဆိုလို့ Hyung က မုန့်ဖိုးစုပြီး ဝယ်ပေးထားရတာ ... အတန်းထဲက သူငယ်ချင်းတွေ ကိုင်ကြည့်ချင်လို့ပါဆိုရင်တောင် ပေးမကိုင်ရဘူး ... သိတယ်နော် ''

Hyung ရဲ့ ပုခုံးလောက်တောင်မရောက်တဲ့ ကျနော့် ခေါင်းကို အသာလေးပုတ်ကာ ပြောတော့ ဘယ်နှကြိမ်မြောက်မှန်းမသိ ကျနော် ခေါင်းငြိမ့်ပြန်သည် ၊၊ မျက်နှာပေါ်က အပြုံးတွေကတော့ ပျောက်မယ် မထင်တော့ ၊၊

Hyung ဆီက ပထမဆုံးရတဲ့ လက်ဆောင်ဖြစ်တဲ့ အပြင် အရမ်းလိုချင်မိတဲ့ အရာဖြစ်၍ ပိုပြီး တန်ဖိုးထားမိသည် ၊၊ ရင်ခွင်ထဲမှာ ရောင်စုံခဲတံဘူးကို ပိုက်ကာ Hyung ရဲ့ ပါးကို မမှီတမှီနဲ့ ခြေဖျားထောက်နမ်းလိုက်တော့ Hyung က မျက်လုံးတွေပိတ်သွားသည်အထိ ရယ်သည် ၊၊

'' ကျေးရှုးပဲHyung ''

ရှေ့သွား ၂ချောင်းကျိုးနေတော့ လေတွေထွက်ကာ စကားကမပီတော့ ... ၊၊ ဒါကိုပင် Hyung က သဘောကျစွာရယ်ပြန်တော့ ... နားမလည်ပေမယ့် ကျနော်ပါ အတူလိုက်ရယ်မိသည် ၊၊

၈ နှစ်ပဲရှိသေးတဲ့ ကျနော့်လို ကလေးတစ်ယောက်အတွက် ပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာကို အသေအချာ မသိသေးပေမယ့် ... လက်ထဲက လက်ဆောင်လေးကိုတော့ ကိုယ်နဲ့မကွာအောင် သယ်သွားတတ်သည် ၊၊

မိဘတွေပေးတဲ့ လက်ဆောင်ကိုတောင် အဲ့လောက် တန်ဖိုးထားမိတယ်မထင် ၊၊ Hyung ရဲ့ ကောင်လေး အတွက်နော် ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျနော်ဟာ ထိုလက်ဆောင်ကို အရာရာထက်ပိုပြီး ကြိုက်နှစ်သက်မိသွားတယ် ထင်သည် ၊၊

'' Kyungie ah~ ငါ့ အနီရောင် ရောင်စုံခဲတံ ကျိုးသွားလို့ ခဏငှားပါလား ... ''

အကယျ၍ (Zawgyi+Unicode)Where stories live. Discover now