Part-4(Unicide)

1.6K 135 29
                                    


"ကိုကို ကျနော့်ကို ချော့သိပ်ပါ့လား"

ဆေးရုံ၏ ခေါင်မိုးထပ်ဆီမှ လွှင့်ပျံလာသော သူ၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ယခုတစ်ခေါက် ခေါင်မိုးထပ်မှာတွေ့ဆုံခြင်းကတော့ ပထမဆုံးအကြိမ်ကလို ရုတ်ရုတ်သဲသဲမဟုတ်တော့။ သူ့ဘေးနားမှာ သူ့ကိုကိုရှိနေပြီး အရင်တစ်ခါကလို ရည်ရွယ်ချက်မျိုးနှင့် ရောက်လာတာမဟုတ်ဘဲ သည်တစ်ခေါက်ကတော့ ရှောင်းကျန့်ဆိုသူနှင့်အတူ ကြယ်တွေကို ကြည့်ဖို့ သူရောက်လာခဲ့ခြင်းပင်ဖြစ်သည်။

ရှောင်းကျန့်နှင့်တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဝမ်ရိပေါ်ဟာ အများကြီးပြောင်းလဲသွားခဲ့သည်။
အများအမြင်မှာ စကားနည်းလှသည့် သူဟာ ကိုကိုနဲ့တွေ့လျှင်တော့ သာလိကာလေး....
ပတ်ဝန်းကျင်မှာ အရယ်အပြုံးကင်းမဲ့တဲ့ ကောင်လေးဟာ ရှောင်းကျန့်အတွက်တော့
အပြုံးတွေကို ဖောဖောသီသီစွန့်ကျဲတတ်ပြီး စကားအဆန်းတွေလည်း ပြောတတ်ပါသေးသည်။ သို့တိုင်အောင် "ကိုကို"ဟု နာမ်စားသုံးကာ ခေါ်မိတိုင်း ဝမ်ရိပေါ်ထံ၌ မဝံ့မရဲစိတ်လေးတော့ အမြဲ ကပ်တွယ်နေလေ့ရှိသည်။

"အွန်း ကိုကိုက သီချင်းတော့မဆိုတတ်ဘူး
ပုံပြင်ပြောပြပြီး ချော့သိပ်မယ် ရလား ရိပေါ်"

ဘေးနားမှာ ကုတ်ကုတ်လေးထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေသော ကောင်လေးငယ်ကို နှစ်လိုစွာ ကြည့်ရင်း မေးလိုက်သည်။ ရှောင်းကျန့်၏ အမေးကို ကြားတော့ ဝမ်ရိပေါ်ဆိုသော လူသားငယ်က ခေါင်းတစ်ချက်ညိမ့်ပြကာ ကောင်းကင်ဆီကို ကြည့်မြဲအတိုင်း ဆက်ကြည့်နေသည်။

"အွန်း....ဘာပုံပြင်ပြောရပါ့မလဲ"

တစ်ယောက်တည်းတီးတိုးဆိုရင်း ရှောင်းကျန့်လည်း ဝမ်ရိပေါ်နည်းတူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်ကင်တစ်ခုလုံး ကြယ်တွေက အပြည့်။ ခုနှစ်စင်ကြယ်၊ ဓူဝံကြယ်....ပြီးတော့ သောကြာကြယ်။
ကျောင်းစာထဲမှာ ခဏခဏသင်ရပေမယ့် ကြယ်အမျိုးအစားတွေအကုန်လုံးကို ရှောင်းကျန့်မသိပါ။ ကြယ်တွေကို ကြည့်ရင်း လျှပ်တပြတ် အကြံရသည်က ကြယ်တွေအကြောင်းပုံပြင်ကို အနည်းငယ်လုပ်ကြံဖန်တီးပြီး ပြောလိုက်ဖို့ပင်။ ချောင်းတစ်ချက်ဟန့်ကာ ပုံပြင်ပြောဖို့ အားယူလိုက်သည်။

Stars,Moon and Our Promises[Complete]Where stories live. Discover now